ကလေးငယ်တွေတိုင်းကတော့ ကျောင်းကနေအိမ်ကိုပြန်ရောက်လာရင် ကိုယ်ပိုင်အချိန်လေးရပြီး ပျော်ချင်၊ ဆော့ကစားချင်ကြတာ သဘာဝပါပဲလေ။ သို့ပေမဲ့လည်း တစ်ချို့ကလေးငယ်တွေကတော့ ဆော့ကစားဖို့မပြောနဲ့အခြားသောကလေးငယ်တွေလိုစာသင်ခွင့်မရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေရှာနေရတဲ့ကလေးငယ်တွေလည်း အတော်များများရှိပါတယ်။ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံက ကလေးငယ်ဟာလည်း အသက် 11နှစ်အရွယ်သာရှိသေးပြီး 7 Eleven စတိုးဆိုင်ရှေ့မှာ အိပ်စက်နေခဲ့တဲ့အတွက် မေးမြန်းကြည့်လိုက်ချိန်မှာတော့ အိမ်ရှိပေမဲ့လည်း ဖခင်ဖြစ်သူပေးထားတဲ့ရေမွှေးတွေအကုန်မရောင်းနိုင်လျှင် အရိုက်ခံရသောကြောင့် အိမ်မပြန်ရဲကြောင်း ကလေးငယ်ကထွက်ဆိုခဲ့ပါတယ်…။
ဖြစ်စဉ်ကတော့ Mohd Najab အမည်ရှိတဲ့အမျိုးသားဟာ အဆိုပါစတိုးဆိုင်မှာပစ္စည်အရှိဝယ်ဖို့လာရင်းနဲ့ စတိုးဆိုင်အပြင်ဖက် ကြမ်းပြင်ပေါ်မှာ အိပ်စက်နေခဲ့တဲ့ကလေးငယ်ကို တွေ့ရှိခဲ့တာပါ.. ဆိုင်ထဲက ဝန်ထမ်းတွေကလည်း ကလေးငယ်မှာ တစ်နေကုန်ရေမွှေးရောင်းရတာ ပင်ပန်းလွန်းသောကြောင့် အဆိုပါနေရာတွင် ညတိုင်းလိုလို လာရောက်အိပ်စက်လေ့ရှိကြောင်း ပြောပြခဲ့ပါတယ်ကလေးငယ်မှာ အိပ်စက်နေပေမဲ့လည်း မိုးရွာပြီးမကြာသေး၍ ကြမ်းပြင်မှာအတော်လေး အေးစက်နေပုံလည်းရပါတယ်…။ ထို့ကြောင့် Mohd မှာလည်း ကလေးငယ်ကိုနှိုးလိုက်ပြီး ပါလာသောပိုက်ဆံအနည်းငယ်ကိုပေးလိုက်ပါတယ်…။
သို့ပေမဲ့လည်း ကလေးငယ်က ပိုက်ဆံကိုမယူနိုင်ကြောင်းငြင်းဆန်ခဲ့ပြီး သူ့အားကူညီလိုပါက ရေမွှေးကိုသာ အားပေးဖို့ပြောဆိုခဲ့ပါတယ်..။ထို့ကြောင့် Mohd က ရေးမွှေး 1 ပုလင်းအားပေးလိုက်ပြီး အခြားသူတစ်ဦးကတော့ 2ပုလင်း အားပေးလိုက်ပါတယ် မေးမြန်းခဲ့ချိန်မှာတော့ ကလေးငယ်ဟာ အိမ်ရှိပေမဲ့လည်း မိဘတွေကအိမ်ထောင်ကွဲသွားခဲ့ကြလို့ ဖခင်နှင့်အတူနေထိုင်နေရပြီး ဖခင်ရောင်းခိုင်းတဲ့ ပစ္စည်းတွေအကုန်မရောင်းပဲအိမ်ပြန်ပါကရိုက်နှက်နှိပ်စက်ခံရလေ့ရှိကြောင်း ကလေးငယ်ကပြောပြခဲ့ပါတယ်အဆိုပါ အဖြစ်အပျက်ကို Facebook စာမျက်နှာပေါ်ဝေမျှခဲ့ချိန်မှာတော့ အခြားသောကူညီကယ်ဆယ်ပေးတဲ့ စေတနာဝန်ထမ်းများနှင့် အချို့သောအဖွဲ့အစည်းများက ကလေးငယ်ကိုကူညီပေးခဲ့ကြကြောင်းသိရှိရပါတယ်…။ ထို့ကြောင့် ကလေးငယ်မှာနောက်ထပ် ဈေးမရောင်းရတော့ဖို့ မျှော်လင့်မိပါတယ်