မြန်မာပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ကတော့ မြန်မာပြည်မှာ နေထိုင်နေတာ အခုဆိုရင် တစ်နှစ်တောင်ရှိပြီပဲ ဖြစ်ပါတယ်။ Sinon Loresca က အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သူချစ်တဲ့ မြန်မာပြည်ကြီးက နေရာဒေသအနှံ့မှာ အ လှူ တွေ ပြုလုပ်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Sinon Loresca က ည မိုးကြီးချုပ်တဲ့အထိ ပင်ပင်ပန်းပန်း ဈေးရောင်းရင်း ဝမ်းစာရှာနေရတဲ့ အမယ်အိုကြီးဆီ သွားရော က်ခဲ့တဲ့အကြောင်း အခုလိုပဲပြောလာပါတယ်။
“အဖွားနဲ့တွေ့ခွင့်ရတာ ကျတော်အရမ်းပျော်တယ် ဖြစ်ချင်တော့ဒီနေ့ ကျတော်တို့ ရန်ကုန်ကိုပြန် လယမဲ့လေယာဉ်က သုံးနာရီထွက်မှာ ကျွန်တော်တို့လွဲသွားတယ် အဲ့တာနဲ့ပဲ ကျွန်တော်တို့ ငါးနာ ရီ ခွဲလေယာဉ်နဲ့ပြန်လာဖို့စီစဉ်ခဲ့တယ်။ ရာသီဥတုအခြေအနေအရ ကျတော်တို့လေယာဉ်က အ ရမ်း င ယ်cခါးရမ်းပြီး ကျွန်တော်ကြောက်နေခဲ့ပါတယ်။
ကျတော့်တို့ဘုရားသခင်ကအမြဲတမ်း ကာကွယ် စောင့်ရှောက်ပေးမှူတွေကြောင့်ကျတော်အ ဖွားနဲ့တွေ့နိုင်ခဲ့ပါတယ်။ ကျွန်တော်အဖွား ကို တွေ့လိုက်ရတဲ့ အခါ နတ်သမီးတစ်ပါးကိုတွေ့ လိုက်ရသလို ကျွန်တော် စိုးရိမ်ပူပန်စိတ်တွေ လျော့ ကျသွားပါတယ် ပြုံးထားပါ လောက ဓံကို အပြုံးနဲ့ရင်ဆိုင်နေတဲ့အမေ။ ချစ်တယ်” ဆိုပြီး အဘွားနဲ့ တွေ့ခဲ့ရတဲ့ သူ့ရဲ့ အမှတ်တရလေး ကို ပြောလာပါတယ်။
Sinon ကတော့ သူချစ်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Sinon ရဲ့ ဒီကနေ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦး နော် ။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။