ညီမမွေးနေ့ပွဲကို ၄နှစ်ဆက်တိုက် မပျက်တက်ရောက်နိုင်ခဲ့တဲ့ နေမာ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ မာဆေးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ခြေဖ၀ါးဒဏ်ရာကြောင့်  အသင်းမှ အနားယူနေခဲ့ရပြီး ဇာတိမြေဘရာဇီးမှာပြန်ပြီး ခွဲစိတ်ကုသမှုတွေခံယူခဲ့ရတဲ့သူဖြစ်ပါတယ်။ သူဟာ အဲဒီဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရဖို့ရှိနေပြီလည်းဖြစ်ပါတယ်။

အခုတော့ နေမာဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာတော့ ညီမဖြစ်သူ ရာဖယ်လာဆန်းတို့စ်နဲ့အတူ ၂၂ ပြည့်မွေးနေ့ပွဲ ဆင်နွဲနေတဲ့ပုံတွေကို ထင်ထားခဲ့ပါတယ်။ သူပုံတင်ပြီးမကြာခင်မှာပဲ သူရဲ့ညီမဖြစ်သူလည်း သူ့ရဲ့အင်စတာဂရမ်မှာတော့ သူ့ရဲ့အကိုဖြစ်သူကို ဖက်ထားတဲ့ပုံကို တင်ထားခဲ့ပါတယ်။

 Neymar celebrates sister Rafaella's birthday with her this year

နေမာရဲ့ညီမမွေးနေ့ကတော့ မတ်လ ၁၁ ရက်နေ့မှာ ကျရောက်ခဲ့တာလည်းဖြစ်ပါတယ်။ နေမာဟာသူရဲ့ ညီမဖြစ်သူကို ချစ်ခင်လွန်းတာကြောင့် မွေးနေ့နဲ့ပတ်သက်ပြီး တင်လေ့ရှိတာကြောင့်လည်း ကမ္ဘာ့မီဒီယာ တွေက သတိထားမိခဲ့တာလည်းဖြစ်ပါတယ်။

နေမာဟာ ညီမဖြစ်သူရဲ့မွေးနေ့ပွဲကို နှစ်စဉ်တက်ရောက်ခဲ့တာဟာ ဒီနှစ်နဲ့ဆိုရင် ၄ နှစ်ဆက်တိုက်ရှိပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုနေမာ အနေနဲ့ မွေးနေ့ပွဲကို တက်ရောက်နိုင်ခဲ့တာကလည်း ၂ ကြိမ်က ပွဲပယ်ပြစ်ဒဏ်ဖြစ်ကာ ၂ ကြိမ်ကတော့ ဒဏ်ရာကြောင့်ဖြစ်ပါတယ်။

 Neymar jets home to Brazil to celebrate Rafaella's birthday in 2014-15 season

နေမာဟာ ညီမကို ချစ်လွန်းတာကြောင့် သူ့ရဲ့လက်မောင်းမှာတောင် သူ့ညီမပုံကို တက်တူးထိုးထားပါ သေးတယ်။

Source- footballnewsmm

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *