ညီမလေးဆုံးပါးသွားတဲ့အကြောင်း ဝမ်းနည်းကြေကွဲစွာဖော်ပြလာတဲ့ စောလားထော်ဝါး

Posted on

Myanmar Idol Season (1)ပြိုင်ပွဲကြီးရဲ့ Winner ဆုကြီးကို ရရှိထားတဲ့ စောလားထော်ဝါးကတော့ လက်ရှိမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။ဒီနေ့မှာတော့ စောလားထော်ဝါးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို ဖော်ပြလာခဲ့ပါတယ်။

အဲ့ဒါကတော့ စောလားထော်ဝါးရဲ့ ညီမလေးက  မတ်လ (၁၆)ရက်နေ့ မနက် (၇)နာရီ (၅၅)မိနစ် အချိန်မှာ ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ အကြောင်းကို စိတ်မကောင်းစွာနဲ့ ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ “အပါး ဦးစောသာခူး အမိုး ဒေါ်နန့်တင်တင်နု တို့ရဲ့ သမီးငယ် စောလားထော်ဝါးရဲ့ ညီမငယ်လေး ချင်းချင်း (ခ) နော်ဖေရီဖော အသက်(၁၂)နှစ်သည် မနက် (၇)နာရီ (၅၅)မိနစ်အချိန်တွင် ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့်  စခန်းကြီးကျေးရွာ ဘုရားကျောင်း၌ ဝတ်ပြုကိုးကွယ်ပြီး ကြွင်းကျန်သော ရုပ်ကလာပ်ကို စခန်းကြီးသုန်သို့ ပို့ဆောင်သဂြိုလ်ပါမည်”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။

စောလားထော်ဝါးရဲ့ ပရိသတ်တွေကတော့ စောလားထော်ဝါးရဲ့ ညီမလေးအတွက် မိသားစုနဲ့ ထပ်တူထပ်မျှစိတ်မကောင်းဖြစ်နေခဲ့တဲ့ အကြောင်းကိုလည်း မှတ်ချက်ပေးပြောဆိုထားကြပါသေးတယ်။  ပရိသတ်ကြီးရေ ညီမလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ စောလားထော်ဝါးအတွက်ကို အားပေးနှစ်သိမ့်စကားလေးတွေပြောခဲ့ပေးကြပါဦး ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *