ညီမဖြစ်သူရဲ့ ၁၆ နှစ်ပြည့် မွေးနေ့မှာ ကတိတစ်ခုပေးလိုက်တဲ့ နေခြည်ဦး

Posted on

ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားတဲ့ ချီချီဆိုတဲ့ beauty blogger မလေးက ခုဆိုရင် မင်းသမီးချောလေး နေခြည်ဦးအဖြစ် ပိုပြီးအောင်မြင်လာခဲ့ပါတယ်။ သူက မိသားစုအပေါ် သိပ်ချစ်တက်ပြီး မောင်နှမထဲမှာ လဲ အမကြီး အမိရာ တစ်ယောက်ပါ။

ချီချီဟာ ယနေ့မှာတော့ ညီမလေးဖြစ်သူ အတွက် မွေးနေ့ဆုတောင်းပေးလာပါတယ်။ အဲ့ဒါကတော့ ” အချစ်ဆုံး တစ်ဦးတည်းသော ညီမလေး Happy Sweet 16 ကွာ  ကပ်ကြီးပြီးရင် လိုချင်တာဝယ်ပေးမယ် promise ?” လို့ဆိုကာ ကတိပေးခဲ့ပါတယ်။

နေခြည်ဦး ရဲ့ညီမလေး စိမ်းလဲ့ ကလဲ သူ့ပရိသတ်တွေနဲ့ သူရှိနေတာပါ။ ၁၆နှစ်အရွယ် ညီမလေးက နုပျိုပြီး ချစ်စရာကောင်းတဲ့အပျိုပေါက်စလေးမို့ သူ့ပရိသတ်တွေ ကလဲ အမ ဖြစ်သူလို အနုပညာလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။ချီချီရဲ့ ပရိသတ်တွေကလဲ ချီချီကိုချစ်လို စိမ်းလဲ့လေးကိုလဲ ချစ်ပေးလိုက်ကြပါအုံးနော်။ လတ်တလောမှာတော့ ချီချီ ပါဝင်ရိုက်ကူးထားတဲ့ အိမ်မက်တွေမိုးထားတဲ့ အိမ် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေး MNTV ရုပ်သံကနေ ထုတ်လွှင့်ပြသနေတာဖြစ်လို့ ကြည့်ရှု့အားပေးကြဖို့ မမေ့နဲ့နော် ။

Leave a Reply

Your email address will not be published. Required fields are marked *