၁၀ တန်းအောင်စာရင်း ကြည့်ဖို့ App ဒေါင်းလုပ်ရယူပြီးပြီလား
၁၀ တန်းအောင်စာရင်းများကို အွန်လိုင်းကနေပဲ အရင်းဆုံး ကြည့်လို့ရမှာဖြစ်တဲ့အတွက် အခုပဲ Install လုပ်ထားလိုက်တော့နော်
ဒီမှာဒေါင်းပါ —- https://play.google.com/store/apps/details?id=www.aungsayin.com
https://bit.ly/aungsayin1
https://bit.ly/aungsayin2
( အဆင်ပြေတဲ့ လင့်တခုကနေဒေါင်းပါ )
တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်မယ့်နေ့မှာ ဘားအံမြို့က အထင်ကရနေရာဖြစ်တဲ့ ဇွဲကပင်တောင်အပါအဝင် တောင်သုံးတောင်မှာ မီးသတ်တပ်ဖွဲ့က စောင့်ကြည့်ကူညီရေးစခန်းတွေ ထားရှိသွားမယ်လို့ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
လာမယ့် သြဂုတ် (၉) ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်မှာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ဖြစ်စဉ်တွေ မဖြစ်ဖို့အတွက် မီးသတ်တပ်ဖွဲ့က ခရီးသွားတွေ လာရောက်လည်ပတ်မှုများတဲ့ ဇွဲကပင်တောင်၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်တို့မှာ စောင့်ကြည့်ကူညီရေးစခန်း (၄) ခု ထားရှိသွားမယ်လို့ ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။
ဇွဲကပင်တောင်ရဲ့ အရှေ့ဘက်တောင်တက်လမ်းနဲ့ အနောက်ဘက်တောင်တက်လမ်းမှာ စောင့်ကြည့်ကူညီရေးစခန်းနှစ်ခုနဲ့ ကြာအင်းတောင် တောင်ဝိုင်းတောင်တို့မှာ စခန်းတစ်ခုစီ ထားရှိသွားမှာဖြစ်ပြီး သြဂုတ် ၉ ရက်ကနေ ၁၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် စောင့်ကြည့်သွားမယ်လို့ ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။
ဒီလိုစောင့်ကြည့်မှုကိုတော့ မီးသတ်တပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့အပါအဝင် အဖွဲ့ပေါင်းစုံက မနက် ၆ နာရီကနေ ည ၆ နာရီအထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဇွဲကပင်တောင် ကြာအင်းတောင် တောင်ဝိုင်းတောင်တို့ဟာ ခရီးသွားတွေလာရောက်လည်ပတ် မှုများတဲ့ နေရာတွေဖြစ်ကြပြီးပြီးခဲ့တဲ့ရုံးပိတ်ရက်က တောင်ဝိုင်းတောင်မှာ ခရီးသွားလာရောက်လည်ပတ်မှု ပိုများပြား တာကြောင့် ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါ့အပြင် ဇွဲကပင်တောင်မှာ ပြီးခဲ့တဲ့လတွေအတွင်းက တောင်ပေါ်ကနေ ခုန်ချသေဆုံးသွားတဲ့ဖြစ်စဉ် တွေရှိနေကြပြီး အဲ့လိုမျိုးထပ်မံမပေါ်ပေါက်ဖို့နဲ့ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ချက်ချင်း ကူညီကယ်ဆယ် ဆောင်ရွက်နိုင်ဖို့အတွက် စောင့်ကြည့်ကူညီရေးစခန်းတွေထားရှိကာ ကြိုတင်ကာကွယ်ရတာဖြစ်တယ်လို့ သိရပါတယ်။
Credit 7 Days