တချိန်ငါ့သမီးလေးကို ပြောပြရမယ် ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာအချေနိုင်ဆုံးပဲ

Posted on

တချိန် သမီးလေး သိဖို့ကိစ္စမရှိဘူး ငါတို့ကအချိန်တန်ယောက်ျားယူမှာ ယောက်ျားကရှာကျွေးလိမ့်မယ်”တဲ့ ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အတွေးကသိပ်ရိုးရှင်းတယ်လို့တွေးရင်တွေးလို့ရသလို အန္တရာယ်များလိုက်တာလို့ တွေးရင်လည်းတွေးလို့ရနိုင်တာကိုး

သမီးတို့အနေနဲ့ ယောက်ျားနောက်လိုက်သွားရုံနဲ့ အရာရာအဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ ခပ်လွယ်လွယ် တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်း တွေးမိပါ့။ ခုခေတ်ယောက်ျားတွေ(အများစု)ကအတွေးအမြင်တွေပြောင်းကုန်ကြတာ သမီးတို့မသိသေးတာလား

ယောက်ျားတွေက အလုပ်ရှိတဲ့မိန်းကလေး ကိုယ်ကသိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကို ပိုသဘောကျကြတယ်ဆိုတာငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှ ပိုသဘော ကျကြတယ်ဆိုတာ အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့မိန်းကလေးကိုမှ ပိုတွဲချင်ကြတယ် ဆိုတာ သူတို့ကိုအစစအရာရာသိပ်မမှီခိုတဲ့ အရည်အချင်းရှိတဲ့မိန်းကလေးကိုမှ တန်ဖိုး ပိုထားကြတယ်ဆိုတာ

ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီး အိမ်မှာပဲ ထမင်းချက်ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကို သိပ်မရွေးချင်ကြတော့ဘူး ဆိုတာလည်း ပြောပြချင်သေးတယ်

(တချို့တွေကိုဆိုလိုတာနော် အားလုံးလို့မပြောဘူးခုခေတ်ယောက္ခမတွေကရော အိမ်ပေါ်တက်လာတဲ့ချွေးမကို ဘယ်လိုကြိုဆိုကြသလဲ ဘာပညာမှမတတ် ဘာအလုပ်မှမလုပ်တတ် ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းကလေးမျိုးကို ဝမ်းသာအားရကြိုဆိုမယ့် ယောက္ခမမျိုး သိပ်ကိုရှားသွားပြီဆိုတာ ငါ့သမီးတို့သိပါလေ

အိမ်ထောင်မပြုခင် လူ့လောကအတွက် အခက်အခဲတွေတွေ့ရင် ရင်ဆိုင်နိုင်အောင် မိဘတွေကလက်နက်မျိုးစုံတပ်ဆင်ပေးနေတာကိုငါ့သမီးတို့သိပါလေစရော့ ပညာလက်နက် ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ် လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာ မလိုဘူး

ရော့ အတွေးအခေါ်လက်နက် ဘယ်ဟာအကောင်း ဘယ်ဟာအဆိုး ငါခွဲခြားနိုင်တယ် ရော့ အလုပ်အကိုင်လက်နက် ငါ့မှာအလုပ်အကိုင်ရှိတယ် အသိုင်းအဝိုင်းရှိတယ် ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ် အဲဒီလိုလက်နက်တွေပါသွားတော့ ပိုမကောင်းဘူးလား မွေးရာပါလက်နက်ဟာ တစ်ဘဝလုံးအတွက် အာမခံချက်မရှိဘူးဆိုတာငါ့သမီးတို့ကို ပြောပြမယ့်သူမရှိဘူးလား

ပညာကမစုံ အတွေ့အကြုံက မရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့ လင်ယူလိုက်ရုံနဲ့ ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့။လင်ယူလိုက်မှဒုက္ခတွေစတာဆိုတာပြောပြချင်လိုက်တာ။ တကယ်လို့များ သမီးလေးတို့ရွေးချယ်လိုက်တဲ့ ယောက်ျားဟာကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး

ကျန်တဲ့အချိန်မှာဘဝရဲ့ ဒုက္ခတွေအခက်အခဲတွေကို မျှဝေခံစားဖော်မရတဲ့ ယောက်ျားမျိုးဆိုရင် လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီးသူ့ကိုပါရှာကျွေးနေရရင် ငါ့သမီးတို့ အလကားနေ အလကားလင်တစ်ယောက် အဖက်တင်နေမှာပေါ့ ကဲဘဝက ထင်သလောက်လွယ်သေးလား? လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှလောကကြီးထဲ ထွက်လိုက်စမ်းပါ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ ကိုယ်ရပ်တည်ဖို့အတွက်ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာအလှဆုံးပဲ ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ။ ငါ့သမီးတွေကမ္ဘာ့အလှဆုံး မိန်းကလေးတွေဖြစ်ကြစမ်းပါ

Leave a Reply

Your email address will not be published. Required fields are marked *