တစ်ရက်ကို လူ ၁၀၀ လောက်သေဆုံးနေဆဲဖြစ်တဲ့ ၀ူဟန် ကိုရိုနာဗိုင်းရဗ်စ် နောက်ဆုံးရသတင်းများ

Posted on

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ် မနေ့က ကူးစက်ခံရသူ ၉၇ ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ မနက်ပိုင်းမှာ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်လိုက်တာကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၅၉ ကျော်အထိဖြစ်သွားပြီ ဖြစ်ပါတယ်။ရောဂါအဆိုးဆုံးဖြစ်ဖြစ်ပွားရာနေရာဖြစ်တဲ့ ဟူးဘေပြည်နယ်မှာပဲ ဗိုင်းရပ်စ် ကူးစက်ခံရမှု လူနာအသစ် ၆၄၈ ကျော် ထပ်တိုးတယ်လို့ ထုတ်ပြန်လိုက်တာကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၇၈၆၃၆ အထိဖြစ်သွားပြီလို့ သိရပါတယ် ။

ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးသစ် ၅ မျိုးကို စမ်းသပ်အသုံးပြုနေပြီး သုတေသီတွေနဲ့ တရုတ်အာဏာပိုင်တွေဟာ စနစ်ကျတဲ့ ကာကွယ်ဆေး စမ်းသပ်ချက်တွေ ပိုမိုလုပ်နေတယ်လို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်ဒီလိုစမ်းသပ်အသုံးပြုရာမှာ ဗိုင်းရပ်စ် နှိမ်နင်းဆေးတချို့နဲ့ တရုတ်တိုင်းရင်းဆေးတချို့ဟာ အစွမ်းထက်တာကို တွေ့ရတယ်လို့ အမျိုးသားဆေးဝါးပစ္စည်း ထုတ်လုပ်ရေး ဒုညွန်မှူး ချန်ရှီဖေးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို တားဆီးဖို့ အမြန်ဆုံးတားဆီနိုင်ရန်ကြိုးပမ်းကြဖို့နဲ့ အချိန်အများကြီးမကျန်တော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလဲ သတိပေး ပြောဆိုလိုက်ပါတယ်။ဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်ပြည်မကြီး ဟူဘေးပြည်နယ် ဝူဟန်မြို့က ယာယီဆေးရုံထဲမှာ ရောဂါနုတဲ့ ကူးစက်ခံလူနာတွေကို ထားပါတယ်လက်ရှိမှာ တရုတ်ပြီးရင်ကူးစက်မူအများဖြစ်နေတဲ့ တောင်ကိုးရီးယားအာဏာပိုင်တွေဟာ ဗိုင်းရပ်စ် ပြည်တွင်းမှာကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *