တစ်သက်လုံး FA ဖြစ်တော့မှာလား ဆိုပြီး တွေးပူနေတဲ့ Selena Gomez

Posted on

Selena Gomez က တော့ သူမရဲ့ လက်ရှိ Relationship Status နဲ့ ပတ်သက်ပြီး မကြာခဏ ဆိုသလို အင်တာဗျူး  တွေ မှာ  ဖြေခဲ့ ဖူးပါတယ်။သူမရဲ့ Dating Life ရဲ့ အတိတ် အ ကြောင်းတွေကိုလည်း မကြာခဏ ဆိုသလို  ထုတ်ပြောဖူးပါတယ်။Single ဖြစ်နေတာ နှစ်နှစ်လောက်ရှိနေပါပြီလို့ လည်း ထုတ် ပြောခဲ့ ဖူးပါတယ်။သူမဟာ မကြာသေးခင်တုန်းက Genius နဲ့ အတူ You Tube ဗီဒီယို တစ်ခုမှာ ပါဝင် ခဲ့ပါတယ်။အဲ့ဒီမှာတော့ သူမရဲ့ သီချင်း Rare ရဲ့ စာသားတွေနဲ့ ပတ်သက်ပြီး  ထုတ်ပြောခဲ့ပါတယ်။

ကိုယ့်ကိုယ်ကို နားလည်ပြီး တန်ဖိုးထားမှု က အရေးကြီးတဲ့ အကြောင်း ထုတ် ပြော ခဲ့ပါတယ်။ တစ်ချို့ နေ့ တွေ ကျရင် သူမကိုယ်သူမ ထူးခြားတဲ့ အရာက ဘယ်လို လဲ ဆိုတာကို ရှာ မတွေ့ ဘူးလို့ ပြောခဲ့ပါတယ်။” တစ်ချို့ နေ့ တွေ မှ ကျ မ နိုးလာတော့ ကိုယ့်ကိုယ်ကို စိတ် အလို မကျ ဖြစ်မိတယ်။ကျမ တစ်သက်လုံး FA ဖြစ်တော့မှာလား ဆိုပြီး တွေးမိ တယ်။ ဒါပေမယ့် (၁၅)မိနစ် လောက် ကြာတော့ အဲ့ အတွေးက ပျောက်သွားတယ်။

ကျ မကိုယ်ကျ မ အခုလို ပြန်ပြောမိတယ်။လူတိုင်းအတွက် တော့ သက်ဆိုင်သူ တစ်ယောက်တော့ရှိတာပဲလေ ” လို့ ဆိုပြီး သူမ တွေးမိတဲ့ အ တွေးကို ထုတ်ပြောခဲ့ပါတယ်။ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားစိတ်နဲ့ ယုံကြည်စိတ်ထားဖို့ ဆိုတာ ကျ မ အတွက် တော့ အမြဲ တမ်း ခက်ခဲ ရုန်းကန် နေရတဲ့ အရာပါ လို့ လည်း ပြောခဲ့ပါတယ်။

Rare  က တော့Selena Gomez ရဲ့ တတိယ မြောက် အယ်ဘမ်ပါ။(၂၀၂၀) ဇန်န၀ါရီ (၁၀)ရက်နေ့ကမှ ထွက်ရှိခဲ့တာပါ။Selena ကတော့ အခုနှစ်ပိုင်းမှာ စိတ်ဖိစီးမှုတွေ အရမ်း များ နေပုံရပါတယ်။ဒီနှစ် အ စောပိုင်းတုန်း ကလည်း ဆိုရှယ်မီဒီယာရဲ့ လူတွေအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ အ ကြောင်းကို ထုတ်ပြောခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *