တစ်ဦးနဲ့တစ်ဦး အပြစ်တင်မယ့်အစား သင်ခန်းစာယူသင့်တယ်လို့ ဆိုလာတဲ့ မေတိုးခိုင်

Posted on

ကာရိုက်တာတိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး မေတိုးခိုင်ကိုတော့  ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိနေတဲ့ မေတိုးခိုင်ကတော့ အဒေါ်ဖြစ်သူ မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ တူပြီး သရုပ်ဆောင်ကောင်းလို့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိနေတဲ့ သူပဲဖြစ်ပါတယ်..။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးပြီး အောင်မြင်နေတဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပြီး အေးအေးဆေးဆေးနေတတ်တဲ့ သူမရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူလို့  ပြောရင်မှားမယ်မထင်ပါဘူး။

မေတိုးလေးက ဗိုင်းရပ်စ်တွေ စတင် မြန်မာနိုင်ငံမှာ စတင်ပျံ့နှံ့လာတဲ့ အချိန်မှာတည်းက မပေါ့ဆကြဖို့ သတိထားနေထိုင်ကြဖို့ ကို တိုက်တွန်းသတိပေးမှုတွေကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ကိုယ်တိုင်လည်း အိမ်မှာပဲ နေထိုင်ကာ ကျန်းမာရေးလမ်းညွှန်ချက်တိုင်း လိုက်နာ နေထိုင်နေတာပဲဖြစ်ပါတယ်..။ အခုချိန်မှာ ပိုမို ရောဂါပျံ့နှံ့လာတဲ့ အခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေ မတင်ဘဲ သတိထားသွားလာနေထိုင်ကြဖို့ကို “အပြစ်တင်မယ့်အစား သင်ခန်းစာတွေပဲယူကြရအောင်ပါ။ အကုန်လုံး စိတ်ညစ်နေတဲ့အချိန်မှာ မေတ္တာတရားနဲ့ အေးချမ်းကြပါစေ.” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေ တင်မယ့်အစား သင်ခန်းစာယူပြီး နေကြဖို့ကို တိုက်တွန်းပြောလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး။ပရိသတ်ကြီးလည်း မေတိုးခိုင်လေးနဲ့ အတွေးလေးတူခဲ့ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *