တစ်နေ့ကျရင် သူလည်း ညီမဖြစ်သူရဲ့ အုတ်ဂူဘေးနားမှာပဲ အိပ်စက်အနားယူချင်တယ်ဆိုတဲ့ စောလားထောဝါး

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားသူ အဆိုတော် စောလားထောဝါးကိုတော့ အထူအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို လားလားက သူ့ရဲ့ ဂီတအနုပညာလမ်းကြောင်းရဲ့ အစပြုရာ ဖြစ်တဲ့ Myanmar Idol Season (1)မှာ ဝင်ရောက်ယှဉ်ပြိုင်စဉ်အချိန်တည်းက ပိုင်ဆိုင်ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ Winner ဆုကိုပါ ထိုက်ထိုက်တန်တန် ရရှိခဲ့သူပဲဖြစ်ပါတယ်.။

မိသားစုဝင်များပြီး အကြီးဆုံးသားလည်းဖြစ်တဲ့ စောလားထောဝါးက သူ့ရဲ့ မိသားစုအတွက် ရရှိတဲ့ အနုပညာကြေးတွေကို အိမ်ကို ပေးအပ်ပြီး နေမကောင်းဖြစ်နေတဲ့ ညီမလေးတွေအတွက် ဆေးရုံစရိတ်ပေးနိုင်အောင် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့သူပါ.။ ညီမဖြစ်သူ အမြန်ဆုံးပြန်လည် နေကောင်းလာစေဖို့အတွက် ကြိုးစားအလုပ်လုပ်ခဲ့ပေမယ့် မတ်လ (၁၆)ရက်နေ့မှာတော့ ညီမဖြစ်သူက သူတို့မိသားစုရဲ့ ဝေးရာလောကကြီးကနေ အပြီးတိုင် ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *