ကည်လင်ပြတ်သားတဲ့ အသံနဲ့ တေးသီချင်းကောင်းတွေ သီဆိုတဲ့ အိမ့်ချစ်ဟာ သူမရဲ့ဖခင်ကြီး ချစ်ကောင်းဆီကနေ ဂီတပါရမီကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနပညာရှင်ဖြစ်တဲ့အလျောက် ရှိုးပွဲတွေ လက်မလွတ်တမ်း ဖျော်ဖြေနေရတဲ့ အိမ့်ချစ်ဟာ ဒီတစ်ခါမှာတော့ စေတနာကို တလွဲအထင်ခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေတာ တွေ့ရပါတယ်။
အိမ့်ချစ်က လာမယ့် မတ်လ (၁၂) ရက်နေ့မှာ ရန်ကုန် ဒဂုံတက္ကသိုလ်သင်္ကြန်ပွဲမှာ ချစ်ကောင်း၊ ဂျူနီယာချစ်ကောင်းနဲ့အတူတူ ဖျော်ဖြေဖို့ စီစဉ်ထားပေမယ့် ကျောင်းသားတစ်ချို့ရဲ့ မလာစေချင်တဲ့ ကောမန့်တွေကြောင့် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ပြောထားပါတယ်။
အိမ့်ချစ်က ဒဂုံတက္ကသိုလ် Page အောက်မှာ “တပြားတချပ်မှမယူပါပဲ မေတ္တာနဲ့လာဆိုပေးတဲ့အနုပညာရှင်ကို အားမနာပဲ မလာစေချင်တဲ့ မန့်တွေတွေ့ရတာတော့စိတ်မကောင်းဘူး ဖျော်ဖြေစေချင်တဲ့သူတွေပဲလာပါစေ မလာစေချင်ရက်တော့အမ မကူညီပေးတော့ပါဘူး Thank You Dagon University” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။အိမ့်ချစ်ကတော့ စေတနာအပြည့်ထားပြီး အခမဲ့ဖျော်ဖြေပေးပေမယ့် ကျောင်းသားတစ်ချို့က “မိသားစုတွေ့ဆုံပွဲသာ လုပ်လိုက်ပါတော့” ဆိုပြီး ရေးသားကြတာကြောင့် စိတ်မကောင်းဖြစ်သွားရတာပဲ ဖြစ်ပါတယ်။