မနေ့ကတစ်ရက်တည်း စစ်ဆေးချက်အရ ကိုဗစ်လူနာ တစ်ရာအထိ စံချိန်တင်တွေ့ရှိပြီးတဲ့နောက် ရန်ကုန်မြို့မှာ သွားလာလှုပ်ရှားနေသူအများစု ပါးစပ်နဲ့ နှာခေါင်းစည်း (mask) တပ်ဆင်လာတာတွေ့ရပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ပြည်သူများ လုံးဝ (လုံးဝ) မပေါ့ဆကြဖို့တိုက်တွန်းထားပြီး တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြဖို့၊
တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြဖို့ ၊အပြင်ထွက်ရင်၊ လူစုလူဝေးရှိတဲ့နေရာတွေကို သွားရင် ပါးစပ်နဲ့ နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြဖို့ ညွှန်ကြားထားပါတယ်။