တမာရွက် အစွမ်းကြောင့် လူတစ်ဦး ဆေးရုံရောက်ပြီး ဆီးပိုက်ထည့်ထားရ

Posted on

ဒီသတင်းကိုတော့ ကုတင်၅၀၀ ရန်ကုန် အထူးကုးဆေးရုံကြီးက Dr. S Htut Wai Saing က တင်ထားတာဖြစ်ပါယ်ဒေါက်တာက ခုလိုတင်ထားတာပါမောင်လေးရေ မောင်လေးရေ နဲ့ တမာရွက်ပြုတ်တွေ လာသောက်ခိုင်းနေတဲ့ အစ်မရေအစ်မရဲ့ တမာရွက်ပြုတ်အစွမ်းနဲ့ လူနာတစ်ယောက်တော့ ရောက်လာပြီ။ဆီးလုံးဝမသွားနိုင်လို့ ဆီးပိုက်ပါ ထည့်လိုက်ရပါတယ်နော်ဆိုပြီး တင်ထားတာဖြစ်ပါတယ်

လူနာရဲ့ ဆေးမှတ်တမ်းကိုလည်း ဖော်ပြထားပြီး မှတ်တမ်းထဲမှာ “တမာရွက်ပြုတ်သောက်သည်ဟုပြော”ဆိုပြီး မှတ်ချက်ရေးထားတာ တွေ့ရပါတယ်အဲဒီဆေးမီးတိုတွေက အရေးကြီးနေတဲ့အချိန်ကုသမှုပိုင်းကို အာရုံနောက်စေတယ်ဗျာ။မြန်မာပြည်သားတချို့ analysis အားနည်းတော့ ဘယ်သူဘာပြောပြောယုံတက်ကြတယ်။”လို့ ဆရာဝန်တစ်ဦးက မှတ်ချက်ပေးထားပါတယ်

တိုင်းရင်းဆေးပညာအရ ဘယ်လိုပဲ ဆေးဖက်ဝင်တယ်ပြောပြော တန်ဆေး လွန်ဘေး ဆိုသလို လွန်လွန်ကျွံကျွံ သုံးစွဲရင်တော့ ကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်လို့ အကြံပေးပါရစေ

Leave a Reply

Your email address will not be published. Required fields are marked *