မန္တလေးမြို့ သီရိမာလာဈေးတွင် တရားမဝင်တင် သွင်းလာသည့် အေးခဲကြက်သား များ ဖမ်းဆီးရမိခဲ့ပြီး ရောင်းချ သည့် ဆိုင်နှစ်ဆိုင်ကို ရောင်းချခွင့် တစ်လပိတ်သိမ်းအရေးယူထား ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီဝင် ဦး ကျော်ဆန်းမြင့်က ပြောသည်။
မန္တလေးမြို့တော်စည်ပင် လက်အောက်ရှိ ဈေးများတွင် တရားမဝင်တင်သွင်းလာသည့် အေးခဲအသား (ကြက်၊ ဝက်၊ အမဲ) များရောင်းချခြင်း မပြုရန် အသိပေးထားပြီး လစဉ်စစ်ဆေး လျက်ရှိရာ အေးခဲအသားများ ရောင်းချနေသည့် ဆိုင်ခန်းများ စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ပြောသည်။ သြဂုတ် ၂၂ ရက်က သီရိ မာလာဈေးတွင် လိုက်လံစစ်ဆေး ရာ ဆိုင်တစ်ဆိုင်မှ အေးခဲကြက် သား ၁၄၄ ထုပ် (ပိဿာချိန် ၁၈၀) ဖမ်းဆီးရမိခဲ့သည်။
သြဂုတ် ၂၃ ရက်တွင်လည်း ဆိုင်တစ်ဆိုင်မှ အေးခဲကြက်သား ၅၁ ထုပ် (ပိဿာချိန် ၆၃ ပိဿာ) နှင့် အေးခဲကြက်အသည်းအမြစ် အထုပ် ၃၀ (ပိဿာချိန် ၂၀) ထပ် မံဖမ်းဆီးရမိခဲ့ကြောင်း ဈေးနှင့် သားသတ်ဌာနမှတ်တမ်းများတွင် ဖော်ပြထားသည်။ ‘‘အခု လောလောဆယ် တော့ ဈေးရောင်းချခွင့် တစ်လ ပိတ်တာပေါ့။ ဆက်လက်တွေ့ရှိ နေရင်တော့ အခုထက် ပိုတဲ့ ပြစ် ဒဏ်မျိုးသတ်မှတ်ရမှာပေါ့’’ ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။ ဖမ်းဆီးရမိသည့် တရား မဝင်အေးခဲသားများကို မန္တလေး မြို့ အေးရိပ်ငြိမ်သုသာန်တွင်မီးရှို့ ဖျက်ဆီးခဲ့သည်။