တရားလိုဘက်ကို လည်းရုံးချိန်းလာ စေ ချင်ပြီး အမှုကို အမှန်အတိုင်း ပေါ် စေချင်ပြီဆိုတဲ့ မင်းရာဇာ

Posted on

အိမ်အကူမိန်းကလေးအား မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆော င် မင်းရာဇာက လက်ရှိ ရင် ဆိုင်နေရတဲ့ အမှုကို အမြန်ဆုံး အမှန်အတိုင်းဖြစ်စေချင်ပြီလို့ ဆိုလာ ပါ တယ်။ အိမ်အကူ မိန်း ကလေးအား တိုနဲ့ တရားစွဲဆိုခံထားရတဲ့ သ ရုပ် ဆောင် မင်းရာဇာကို ဒီနေ့ (သြဂုတ်လ ၁၉ ရက်)က မြောက်ဥက္ကလာ တရားရုံးမှာ ရုံးထုတ်ခဲ့ ပါတယ်။ဒီနေ့ ရုံးချိန်းမှာတော့ မင်းရာဇာဟာ သူရင်ဆိုင်နေရတဲ့ အမှုကို အမြန်ဆုံးပြီးချင်နေပြီလို့ မီဒီယာ တွေကို ပြောပြခဲ့ပါတယ်။အမှုကို အမှန်အတိုင်းပေါ်စေချင်တယ်ဆိုရင် အမှုကို အမှန ပေါ် ဖို့ မြန် မြန်စစ်စေချင်တယ် ။မိန်းမက လည်း ကိုယ်ဝန် နဲ့ဆိုတော့ ကလေးတွေလည်း ဒုက္ခရော က်တယ်၊ မိန်းမကလည်း နေမကောင်း ဘူးဗျာ။ တကယ်လို့ အမှန်အတိုင်း သိစေချင်တယ်ဆိုရင် သူ တို့ ဘက် ကလည်း အမှန်အတိုင်း ဖြစ်စေချင်တယ်ဆိုရင် မြန်မြန်လာစေချင်ပါတယ်” လို့ သူက ဆို ပါတယ်။

မင်းရာဇာရဲ့ ဇနီးဖြစ်သူကတော့ အခုချိန်မှာ တတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထား ရတာ ဖြစ်ပြီး ကိုယ်ဝန်(၅) လရှိပြီလို့ သိရပါတယ်။ ကိုယ်ဝန်ကြီးနဲ့ အကျဉ်းကျခံနေရတဲ့ ဇနီးဖြစ် သူ ကို အာမခံရစေချင်တယ်လို့ မင်းရာဇာက ဆိုပါတယ်။“ကျွန်တော်တို့ ပိုပြီးတော့ ဒုက္ခရောက် ပါ တယ်ခင်ဗျာ။ ကျွန်တော့် မိန်းမကိုတော့ အာမခံရစေချင်ပါတယ်။ အိမ်မှာ ကလည်း ကျွန်တော် နဲ့ ကျွန်တော့် မိန်းမကိုပဲ မှီခိုပြီးနေရတာဆိုတော့ ကလေးတွေ အရမ်း ဒုက္ခရောက်တာပေါ့ဗျာ” ဆိုပြီးတော့ သြဂုတ်လ(၁၉) ရက်နေ့ ရုံးချိန်းမှာ ပြောခဲ့တာပါ။ သရုပ်ဆောင်မင်းရာဇာဟာ ဇူလိုင် လ(၂၂) ရက်နေ့ ရုံးချိန်း တုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကိုမီဒီယာတွေ အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပြခဲ့ဖူးပါ တ ယ်။ မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတို င်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။

 

အိမ်အကူအမျိုးသမီးငယ်အား မှုနဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၄ ဦးကို မေရ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်း ရာ ဇာရဲ့ ယော က္ခ ထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာ မခံရရှိခဲ့ပါတယ်။မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေး အား ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *