တရားအားထုတ်ဖို့ လေယာဉ်လက်မှတ်အဆုံးခံပြီး အိမ်မပြန်ဘဲ မြန်မာပြည်မှာနေခဲ့တဲ့ ရုရှားပညာရှင်များ

Posted on

ဗုဒ္ဓဘာသာ သာသနာထွန်းကားတဲ့မြန်မာနိုင်ငံကို လာလည်ကြတဲ့ နိုင်ငံခြားသားတိုင်း မြန်မာတို့ရဲ့ ဘာသာတရားကိုင်းရှိုင်းမှုနဲ့ ခင်မင်ဖော်ရွေမှုကို သဘောကျကြပါတယ်တချို့နိုင်ငံခြားသားတွေဆိုရင် ဗုဒ္ဓဘာသာအပေါ် စိတ်ဝင်စားမှုတွေရှိလာပြီး လိုက်ပါကျင့်ကြံတရားအားထုတ်တဲ့အထိ ဘာသာတရားကိုင်းရှိုင်းသွားသူတွေ ရှိကြပါတယ်


ရုရှားနိုင်ငံကနေ မြန်မာနိုင်ငံကို အလည်လာကြတဲ့သူတွေထဲမှာ ဒီတစ်ဖွဲ့ကထူးခြားပါတယ်။ အနားယူဖို့လာတာမဟုတ်ကြဘဲ နှစ်ပေါင်းများစွာ စာအုပ်စာပေရာဇဝင်တွေကို ဖတ်ရှုပြီးမှ လာရောက်လည်ပတ်ကြသူတွေပါရတဲ့အချိန်ပမာဏအတောအတွင်းမှာ စိတ်အဝင်စားဆုံးဖြစ်တဲ့ ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်းတွေကိုသာ လေ့လာခဲ့ကြပါတယ်အဖွဲ့ထဲမှာ ဖီလော်ဆော်ဖာပရော်ဖက်ဆာ၊ ဘာသာဗေဒပရော်ဖက်ဆာ၊ ရုရှားမှာနေတဲ့အမေရိကန်လူမျိုး နာမည်ကြီးသတင်းစာအယ်ဒီတာ၊ ဂျာမနီမှာနေတဲ့ရုရှားလူမျိုး ဇီဝဗေဒပညာရှင်၊ အောင်မြင်နေတဲ့ရုပ်ရှင်ဒါရိုက်တာစတဲ့ဉာဏ်ထက်ပြီးပါးနပ်တဲ့ ပုဂ္ဂိုလ်တွေကြီးပါပဲ။


သူတို့တွေ ခရီးစဉ်မှာ ကြည်နူးအံ့သြမှုပေါင်းများစွာရှိခဲ့ကြပြီး၊ တစ်ဘဝစာမဟုတ် တစ်သံသရာလုံးစာ တန်ဖိုးမဖြတ်နိုင်တာကတော့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို လမ်းဆုံးသို့တိုင်အောင်ရှုမှတ်ကျင့်ကြံနည်းကို ရေတံခွန်တောရအရှင်သူမြတ် နဲ့ ဆရာဉီးမြင့်နိုင် MyintNaing အရှင်သူမြတ်နှစ်ပါးထံမှ နာကြားသွားရခြင်းပါ။


လက်တွေ့ကျတဲ့ ခက်ခဲနက်နဲပြီး အဖြေရှာမရဖြစ်နေတဲ့ မေးခွန်းများစွာရဲ့ တိကျတဲ့အဖြေတွေကိုရသွားကြပါတယ်ရုရှားသူတစ်ယောက်ကတော့ တရားကျင့်ဖို့အတွက် လေယာဉ်လက်မှတ်တွေ အဆုံးခံ ကျန်နေခဲ့ပြီး ပါရမီဖြည့်မိသားစုThin ThinSoe ရဲ့အိမ်မှာရဝိပဿနာတရားအားထုတ်နေပါတယ်ဒါကြောင့် တခြားနိုင်ငံကနေတောင် တကူးတကလာရောက်ပြီး မပြန်ဘဲ လေယာဉ်လက်မှတ်အဆုံးခံကာ တရားအားထုတ်တဲ့ နိုင်ငံခြားသားရဲ့ အဖြစ်လေးဟာ တကယ့်ကို ဂုဏ်ယူစရာပါ….ဒါကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ချီးကျူးနိုင်အောင် ဒီစာလေးကို မျှဝေလိုက်ပါတယ်နော်..

Leave a Reply

Your email address will not be published. Required fields are marked *