တရားဟောဆရာ ဦးဒေးဗစ်လား ဝေဘာဂီဆေးရုံသို့ ကျပ်သိန်း ၁၀၀ လှူဒါန်း

Posted on

တရားဟောဆရာ ဦးဒေးဗစ်လားသည် ဝေဘာဂီဆေးရုံတွင် Quarantine ဝင်ရောက်နေရသူဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း တာဝန်ကျကျန်းမာရေးဝန်ထမ်းက ပြောသည်။Covid- 19 ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းစဉ်များ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့သည့်အတွက်ကြောင့်

နဝရတ်တေးသံသွင်း ဦးဝေထွန်းနှင့်အတူ မရမ်းကုန်းမြို့မရဲစခန်း၌ (ပ) ၅၈၃/၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံ၌ Quarantine ဝင်နေသည့် ခရစ်ယာန်တရားဟောဆရာ ဦးဒေးဗစ်လားက ဆေးရုံအတွက် ငွေကျပ် ၁၀၀ သိန်းလှူဒါန်းမှုပြုခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *