တရုတ်ကို အထင်သေးပြီး ပွဲမထုတ်တာလား တခြားစစ်မျက်နှာအတွက် ပြင်ဆင်ထားတာလား

Posted on

သတိထားမိနေသလိုထူးဆန်းနေမိတာတခုရှိတယ်။ဘာလဲဆိုတော့ လက်ရှိအမေရိကန်နဲ့ Chinaတောင်တရုတ်ပင်လယ်ပဋိပက္ခမှာ အမေရိကန်ရဲ့ ရေတပ်အင်အား တဝက်နီးပါးလောက် နဲ့ လေတပ်အင်အား တော်တော်များများကို တောင်တရုတ်ပင်လယ်ကို စေလွှတ်တပ်ဖြန့်ထားတယ်။

ထူးခြားတာက အမေရိကန် ဈေးအကြီးဆုံးနဲ့ခေတ်အမှီဆုံး ဘယ်န်ုင်ငံကိုမှ မရောင်းချဘူးဆိုတဲ့ fifth gen. Fighter F 22 raptor တစီးမှမပါတာပဲ။ဖြစ်နိုင်တာကတော့ ရေတပ်စစ်ဆင်ရေးအဓိကမို့ လေယာဉ်တင်သင်္ဘောကနေ အတက်အဆင်းမလုပ်နိုင်တဲ့ အမျိုးအစားမို့ချန်ထားခဲ့တယ်။

နောက်တခုက အဓိကပွဲထုတ်ထားတဲ့ F 35 Lighting တွေ အတွက်ပရိုမိုးရှင်း အဓိကလုပ်လိုက်တာလို့လဲ တွက်လို့ရပါတယ်။ဒါပေမယ့် ဂူအမ်ကျွန်းတို့ ဂျပန် တို့ကနေစစ်ဆင်ရေးထွက်လို့ရတာပဲလို့ စဉ်းစားမိပြန်တော့။

ဥရောပ ဘက်စစ်အခြေစိုက်စခန်းလုံခြုံရေး တွေအတွက် ထားခဲ့တယ်လို့ ယူဆရတော့မပေါ့။ဒါမှမဟုတ် ချို့ယွင်းချက်တခုခုရှိလို့များလား ဆိုတာလဲ တွေးစရာဖြစ်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *