တရုတ်တွေ အိပ်မပ်ဆိုးကြီးမက်စေမယ့် ပွန်ပီယိုရဲ့  တောင်အမေရိက ခရီးစဉ်

Posted on

ဥရောပကို တရုပ်လက်ထဲကဆွဲထုတ်ပြီးတဲ့နောက်မိုက်ပွန်ပီယိုဟာ တရုပ်ကြီး စိတ်မချမ်းမသာဖြစ်သွားစေဖို့ တောင်အမေရိက ခရီးစဉ်ကိုစလိုက်ပါတယ်/ တရုပ်တွေ အိပ်မက်ဆိုးကြီးမက်လာစေဖို့ပွန်ပီယိုဟာ ​​​​နောက်တစ်ခေါက်ခပ်မြန်မြန်လေး ထွက်ပေါ်လာပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘယ်ကိုပဲသွားသွားတရုပ်တွေမျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေရမြဲလို့တောင်ပြောရမလိုဖြစ်နေတယ်သူသွားလိုက်တဲ့နေရာတိုင်းမှာ နဂိုရ်ကရှိခဲ့တဲ့တရုပ်တို့ရဲ့လွှမ်းမိုးမှုသြဇာကျဆင်းသွားလေ့ရှိလာလို့ပါပဲ။အရှေ့အလယ်ပိုင်းနဲ့ ဥရောပမှာ တရုပ်တို့ကို ခြေလက်တွေဖြတ်တောက်သလိုဖြစ်စေခဲ့အပြီးအခုတစ်ခါ တောင်အမေရိက ကိုတရုပ်ရင်ခွင်ထဲကဆွဲထုတ်ပါတော့မယ်ခြေလှမ်းစလိုက်ပါပြီ။တကယ်တော့တရုပ်တွေ တောင်အမေရိကကို စပြီးလွှမ်းမိုးဖို့ ဗျူဟာစဆင်လာကတည်းက ပွန်ပီယို ဟာတောင်အမေရိကကိုသွားဖို့ဆုံးဖြတ်ခဲ့ပြီးသားပါတရုပ်ကွန်မြူနစ်ပါတီရဲ့အာဘော်သတင်းစာ ဖြစ်တဲ့ဂလိုဘယ်တိုင်းမ် က” ဥရောပနဲ့အရှေ့အလယ်ပိုင်း အပြီးမှာ ပွန်ပီယိုဟာတရုပ်ဆန့်ကျင်ရေးဇာတ်ညွှန်းနဲ့လက်တင်အမေရိကမှာဇာတ်ကဖို့လုပ်လာပြီ ” ဆိုပြီးရေးသားခဲ့တယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အပြီးသတ်ခဲ့တဲ့ ပွန်ပီယိုရဲ့တောင်အမေရိက ခရီးစဉ်အပြီးမှာတော့ ဘေဂျင်းဟာ လက်တင်အမေရိကကနေ မကြာခင်ကန်ထုတ်ခံရတော့မယ်ဆိုတာပိုထင်ရှားသွားခဲ့ပါတယ်။တရုပ်ကိုတောင်အမေရိကနဲ့အဆက်ဖြတ်ဖို့ လုပ်တဲ့အမေရိကန်တို့ရဲ့ နည်းဗျူဟာဟာ အရှေ့အလယ်ပိုင်းမှာလုပ်ခဲ့တာနဲ့ဆင်တူနေပါတယ်အရှေ့အလယ်ပိုင်းမှာတုန်းကတရုပ်ရဲ့မိတ်ဖက်အီရန်ကိုမျဉ်းသားပြီးစည်းခြားခဲ့တယ် ပြီးတော့အမေရိကန်ရဲ့မဟာမိတ်တွေထဲကအစ္စရေးလိုနိုင်ငံကို မေးခွန်းစထုတ်ခဲ့တယ်။ တရုပ်ကိုရွေးမလား အမေရိကန်ကိုရွေးမလားဆိုတာပါပဲ Abraham Accord စာချုပ်တွေကို အမေရိကန်နဲ့အစ္စရေးတို့ဟာတခုပြီးတခုဆက်လက်ချုပ်ဆိုနိုင်ခဲ့တာတွေဟာအာရပ်ကမ္ဘာနဲ့အစ္စရေးတို့အနေနဲ့ အမေရိကန်ကိုရွေးချယ်လိုက်ကြတယ်ဆိုတဲ့ ပြယုဂ်ပါပဲ။

ပွန်ပီယိုဟာ သူ့ရဲ့တောင်အမေရိကခရီးစဉ်ကိုအလားတူ ပုံကြမ်းဆွဲပြီးလိုင်းကြမ်းတွေချထားခဲ့ပါတယ် သူ့ခရီးစဉ်မှာလေးနိုင်ငံသွားရောက်ခဲ့ပြီးအဲ့ဒိအထဲက၃နိုင်ငံဟာ ဗင်နီဇွဲလားနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ နိုင်ငံတွေပါပဲဗင်နီဇွဲလားဟာတောင်အမေရိကမှာတော့တရုပ်ရဲ့အမာခံဒေသလို့ပြောလို့ရတဲ့နေရာပါ

ဒါကြောင့်မို့ သူ ဘရာဇီးကိုရောက်တဲ့အချိန်မှာဗင်နီဇွဲလားက စစ်ပြေးဒုက္ခသည်တွေကို လက်ခံပေးနေခဲ့တဲ့အပေါ်မှာ ဘရာဇီးကို ချီးကျူးခဲ့ပါတယ်ပွန်ပီယိုဟာဘရာဇီးမှာရှိတဲ့ ဗင်နီဇွဲလားကဒုက္ခသည်စခန်းကိုသွားရောက်ခဲ့ပြီး တရုပ်ထောက်ခံတဲ့ ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကိုနှုတ်ထွက်ပေးဖို့တောင်တောင်းဆိုခဲ့ပါတယ်

အလားတူပါပဲ ကိုလံဘီယာသမ္မတ Iván Duqueနဲ့တွေ့ဆုံတဲ့အခါမှာ ဗင်နီဇွဲလားသမ္မတ Nicolás Maduro ကို ဆန့်ကျင်တဲ့အပေါ်ချီးကျူးပြောဆိုခဲ့ပါတယ်ပွန်ပီယိုဟာ မမျှော်လင့်ထားတဲ့ စိတ်ဝင်စားစရာ ကြေညာချက်တစ်ခုလည်းထုတ်ပြန်ခဲ့ပါတယ်အဲ့ဒါကတော့ ဒုက္ခသည် ဗင်နီဇွဲလားပြည်သူတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ ၃၄၈သန်း ပေးမယ်လို့ဆိုလိုက်တာပါပဲ ( သူတို့ကိုလက်ခံပေးထားတဲ့နိုင်ငံတွေကိုပေးမှာပါ)ဆင်းရဲမှုဒုက္ခတွေကို ခံနေကြရတဲ့ပြည်သူတွေအပေါ်အုပ်ချုပ်နေတဲ့လက်ရှိဗင်နီဇွဲလားအစိုးရအပေါ် ဆန့်ကျင်လိုစိတ်တွေ ကိုပိုဆွပေးလိုက်တဲ့ကြေညာချက်ပါ

ခရီးစဉ်မှာ ဗင်နီဇွဲလားဟာ ပွန်ပီယိုရဲ့ အဓိကဦးစားပေးပစ်မှတ်ဖြစ်ပါတယ်သူဟာ တရုပ်ကို တိုက်ရိုက်ဖော်ပြပြောဆိုဖို့လည်းအားနာမနေပါဘူး ရှက်ရွံ့နေတာမျိုးလည်းမရှိပါဘူးဥပမာအနေနဲ့ပြောရရင်Suriname နိုင်ငံ သမ္မတ Chan Santokhi နဲ့ပူးတွဲပြီး လူတွေ့ရှေ့ထွက်ခဲ့တဲ့အချိန်မှာတရုပ်ကုမ္ပဏီတွေဟာ သင့်တင့်မျှတပြီးတန်းတူညီမျှမှုကို များသောအားဖြင့် ဘယ်တော့မှအခြေမခံချင်ကြဘူးလို့ ပြောခဲ့ပါသေးတယ်ဘယ်လိုမျိုးနိုင်ငံပိုင်ကုမ္ပဏီကမှ အမေရိကန် ပုဂ္ဂလိကကုမ္ပဏီတွေကို ကုန်ပစ္စည်းအရည်အသွေးအရရော ဝန်ဆောင်မှုအပိုင်းတွေမှာပါ ယှဉ်ပြိုင်လို့နိုင်မှာမဟုတ်ဘူး ဆိုပြီး တရုပ်ရဲ့လုပ်ငန်းလုပ်ကိုင်တဲ့ပုံစံစနစ်အကြောင်းကိုပြောရင်းကနေ လမ်းကြောင်းပြောင်းလာအောင်လုပ်ခဲ့ပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတွေမှာတရုပ်တို့ဘယ်လိုရင်းနှီးမြှုပ်နှံသလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ခဲ့တယ်အစပိုင်းမှာ အတော်ဟန်ကျတဲ့ပုံပဲလို့ထင်မြင်စရာရှိတယ် အဆုံးမှာ နိုင်ငံရေးတွေပါလာပြီး ကျရှုံးခန်းတွေဖြစ်လာတာပါပဲ လို့ပြောခဲ့ပါတယ်။

Guyana နိုင်ငံမှာလည်း ပွန်ပီယိုဟာ သည်အတိုင်းပဲပြောခဲ့ပါတယ် ဘရာဇီးမှာရှိနေတုန်းမှာ သူကဘရာဇီးရဲ့အနာဂတ်ဆက်သွယ်ရေးကွန်ရက်ဟာတရုပ်ကွန်မြူနစ်ပါတီရဲ့နှောင်ကြိုးကင်းဖို့လိုတယ်အမေရိကန်နဲ့ဘရာဇီးရဲ့ ကုန်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကိစ္စတွေ တို့းမြှင့်နိုင်ဖို့အတူကွလက်တွဲလုပ်ဆောင်ဖို့လိုတယ် လို့ပြောခဲ့ပါတယ်အဲ့သည်လိုပြောရာမှာ ဟွာဝေးရဲ့အမည်ကိုတော့ထုတ်မပြောခဲ့ပါဘူး။

ဒါပေမယ့်ရှင်းပါတယ် အမေရိကန်နဲ့ တရုပ် ဘယ်သူ့ကိုရွေးမလဲလို့မေးခဲ့တာပါပဲဖြစ်နိုင်ခြေအားလုံးအရကတော့ ဘရာဇီးဟာအမေရိကန်ကိုသာရွေးချယ်ပါလိမ့်မယ်လို့ ပြောနိုင်ပါတယ်ပွန်ပီယိုရဲ့ တောင်အမေရိကခရီးစဉ်အပေါ်တရုပ်တွေရတက်မအေးဖြစ်နေရပါတယ်ပွန်ပီယိုရဲ့ဥရောပခရီးစဉ်အပြီးမှာတရုပ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ဟာဥရောပကို ချက်ခြင်းသွားခဲ့ပြီးအဖတ်ဆယ်ခဲ့ပေမယ့် ဂျာမဏီမှာအရှက်တကွဲဖြစ်ပြီးပြန်လာခဲ့ရတယ်ဆိုတဲ့ရခဲ့တဲ့သာဓကဟာ မကြာသေးပါဘူး အမေရိကန်ရဲ့မိတ်ဖက်တွေအနားကနေတရုပ်ကိုခပ်ဝေးဝေးမောင်းထုတ်ရေး အတွက် ပွန်ပီယိုရဲ့ ကြိုးပမ်းမှုတိုင်းဟာတရုပ်တို့အတွက်ဆိုးကျိုးတွေဖြစ်ဖြစ်လာနေပါတယ်။တောင်အမေရိကဆိုတဲ့ ကြိုးဝိုင်းဟာ နောက်တစ်ချီနှာခေါင်းသွေးယိုရဦးမယ့်နေရာများဖြစ်လာမလားဆိုပြီး တရုပ်တို့ရတက်မအေးဖြစ်နေတယ်ထင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *