မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်တစ်ရပ်က ထောက်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ ဆန်ရှင်တွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားဟာ ကုန်စည်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်တာကနေ ရတဲ့ တရားမဝင် ရန်ပုံငွေတွေကို အသုံးပြုပြီး အဲဒီ စီမံကိန်းတွေကို ဆက်လက်ဖော်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လအထိ ခြောက်လအတွင်းမှာ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်တွေဟာ ကုလ ဆန်ရှင်တွေကို ဘယ်လောက်ထိ ချိုးဖောက်ထားသလဲဆိုတာကို ကုလသမဂ္ဂ ပညာရှင်ခုံရုံးတစ်ရပ်က အကဲဖြတ်တယ်လို့ တိုကျိုအခြေစိုက် NHK သတင်းက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စီမံကိန်းတွေကို ပြန်လည်ဖော်ဆောင်မယ်ဆိုတဲ့ ၎င်းရဲ့ ကတိကဝတ်တွေကိုလည်း ထပ်လောင်းပြောဆိုလာတယ်လို့ အဲဒီ သတင်းမှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ မတ်လအတွင်းမှာတင် တာတိုပစ်ပဲ့ထိန်းဒုံးကျည် လေးကြိမ်ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ အဲဒီ သတင်းမှာ ဖြည့်စွက်ဖော်ပြပါတယ်။
တရားမဝင် ကျောက်မီးသွေးတွေ သင်္ဘောတင်ပို့မှုတွေကို လုပ်ဆောင်ပြီး လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားဟာ ဆက်လက်ချိုးဖောက်နေဆဲပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Rf; arirang
Writer_ မောင်သံဆင့် ( YGN Times )