လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို တမူထူးခြားတဲ့ ခပ်ဆန်းဆန်း ကကွက်တွေနဲ့ အပြည့်အဝရရှိခဲ့တဲ့ ဖြူဖြူထွေးကတော့ စိတ်ထားကောင်းတာကြောင့်ရော သူမရဲ့အနုပညာပါရမီကြောင့်ပါ အခုဆိုရင် အနုပညာလောကထဲမှာနေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။
ဖြူဖြူထွေးက သူမကိုယ်တိုင်လည်း ချို့တဲ့တဲ့ဘဝကို ဖြတ်သန်းလာရသူမို့ သူမနဲ့ဘဝတူတွေအပေါ်လည်း စာနာနားလည်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူမရှာဖွေလို့ရသမျှ အနုပညာကြေးတွေနဲ့ အလှူအတန်းတွေ ပြုလုပ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖြူဖြူထွေးက အဖေမရှိပဲ မိခင်ကြီးနဲ့ ချို့တဲ့စွာနေထိုင်ရင်းဆယ်တန်းမှာ လေးဘာသာဂုဏ်ထူးထွက်ခဲ့တဲ့ မိန်းကလေးကို သွားရောက်တွေ့ဆုံရင်း မိန်းကလေးအတွက် မုန့်ဖိုးနဲ့ ဆန်၊ဆီ၊ ဆား စတဲ့ စားသောက်ရိက္ခာတွေကို လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ မိန်းကလေးဆီသွားရောက်ရင်း “ပျော်နေတာရော ကြည်းနှုးမိသောအခိုက်အတန့် ” ဆိုပြီး သူမကိုယ်တိုင်လည်း ကျေနပ်နေခဲ့တာပဲ ဖြစ်ပါတယ်။
ဖြူဖြူထွေးကတောချို့ချို့တဲ့တဲ့နဲ့ ပညာသင်ရင်း ရလဒ်ကောင်းရရှိခဲ့တဲ့ မိန်းကလေးအတွက် အိမ်တိုင်ရာရောက် သွားရောက် ဂုဏ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။