တရုတ်နိုင်ငံတွင် နှစ်ထပ်စားသောက်ဆိုင်တစ်ခုပြိုကျမှုကြောင့် ၂၉ ဦးသေဆုံး

Posted on

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီးပြည်နယ် ရှင်းဖန်စီရင်စုမှာ နှစ်ထပ်စားသောက်ဆိုင်တစ်ခုပြိုကျမှုကြောင့် ၂၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၉ ရက်က အသက် ၈၀ ပြည့်မွေးနေ့ပွဲတစ်ခုကျင်းပနေစဉ်မှာ ပြိုကျခဲ့တာဖြစ်ပြီးတော့ ကယ်ဆယ်ရေးလုပ်သားတွေက အဆောက်အအုံအပျက်အစီးတွေကြားကနေ လူပေါင်း ၅၇ ဦးကို ကယ်ထုတ်ပေးခဲ့ရပါတယ်။

ည ၇ နာရီနောက်ဆုံးသတင်းအရ ပြိုကျနေတဲ့အုတ်ပုံများထဲက လူပေါင်း ၄၅ ဦးကိုကယ်တင်နိုင်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရှိသူ ၇ ဦးနှင့်အခြား ဒဏ်ရာရှိသူ ၂၁ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြတယ်လို့ဆိုပါတယ် ။ခုနှစ်ဦးက ဒဏ်ရာပြင်းထန်ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Juxian စားသောက်ဆိုင်ပြိုကျရတဲ့အကြောင်းရင်းကို မသိရှိရသေးဘဲ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုထားကြောင်း သိရပါတယ်။ပြိုကျမှုကြောင့်လူ ၁၇ ဦးသေဆုံးခဲ့ကြရပြီးတိုက်ပြိုကျရခြင်းအကြောင်းရင်းကတော့ ဆောက်လုပ်စဉ်က အရည်အသွေးမမှီသည့်အတွက် ပြိုကျရခြင်းဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးများက သုံးသပ်ပြောဆိုထားကြောင်းသတင်းရရှိသည် ။

Leave a Reply

Your email address will not be published. Required fields are marked *