တရုတ်မှာ Hantavirus လို့ခေါ်တဲ့ ကြွက်ကနေတဆင့်ကူးတဲ့ဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံး

Posted on

တရုတ် မှာ Hantavirus Outbreak ထပ်ဖြစ်တယ်ဆိုပြီး လူတွေအရမ်းစိုးရိမ်နေကြပါတယ်… ။ ဟန်တာဗိုင်းရပ်စ် ကြောင့် ဘတ်စ်ကားပေါ်မှာ လူတဦးအသက်ဆုံးရှုံးသွားကြောင်း Global times သတင်းက ဖော်ပြထားပါတယ်။။ ယူနန်ကတော့ မြန်မာပြည်ကပ်လျက်ပြည်နယ်ဆိုတော့ ဆက်လေ့လာစောင့်ကြည့်သင့်ပါတယ်။

Hantavirus ဟာ ခုမှပေါ်တဲ့ virus မဟုတ်ပါဘူး.. 1950 ဝန်းကျင်က american-korean war စစ်ဖြစ်စဉ် ကိုရီးယားရဲ့ Hantan River နားမှာ စဖြစ်ရင်း နာမည်ရခဲ့တာပါ။ဘယ်လိုကူးလဲ?လူ အချင်းချင်း ကူးစက်မှု လွန်စွာရှားပါတယ်…။ ဒါ့ကြောင့်ကြောက်စရာမလိုပါဘူး ။ ကြွက်တွေရဲ့ ခန္ဓာကိုယ်ကအရည် eg: ကြွက်သေး တွေကနေပဲကူးတာပါ။ကူးစက်ရင် သေနှုန်းကတော့ မြင့်တယ် – 38% ပါ။ ဒီ Hantavirus ဟာ ကြွက်တွေထဲမှာရှိနိုင်ပေမယ့် ကြွက်တွေကို ဒုက္ခမပေးပါဘူး… လူတွေစီ ကူးမှ ဒုက္ခပေးတာ။

ရောဂါလက္ခဏာတွေကတော့ဖျားမယ်ခေါင်းကိုက်မယ်က်ြသားတွေနာမယ်ဗိုက် အရမ်းနာမယ် အဆစ်အမြစ်တွေ , ခါးအောက်ပိုင်းနောက်ကျောဘက်တွေနာမယ်ပျို့ အန်မယ်အဆင့်မြင့်လာရင်ကျောက်ကပ်ပျက်မယ်ချောင်းဆိုးမယ် , မောမယ် အဆုပ်မှာရေပြည့်လာပြီး အသက်ရှူ ရပ် တာ တွေဖြစ်နိုင်ပါတယ်ထက်အိ အဓိက ပြောချင်တာက Panic မဖြစ်ဖို့ပါယခု တစ်ကမ္ဘာလုံး မှာ ဒီသတင်းပျံ့ပြီး Panic ဖြစ်နေတာမို့ Panic မဖြစ်ကြပါနဲ့လို့… ကိုယ့်ရှေ့ရောက်နေတဲ့ အဓိက ရန်သူ Covid 19 ကိုသာ အာရုံစိုက်ကြပါလို့ ပြောချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *