Deng Xiaoping ရဲ့စကားကိုကမ္ဘာ့နိုင်ငံအသီးသီးက နားထောင်ရမယ့်အချိန်ရောက်လာပြီ နှစ်ပေါင်း ၄၆ နှစ် အကြာမှာ တရုတ်ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန် (1904 – 1997) ပြောခဲ့တဲ့ အခြေအနေကို ရောက်ရှိ နေပါပြီ။ ကမ္ဘာ့ နိုင်ငံအသီးသီးကလည်း သူ့စကားကို နားထောင်ရမယ့် အချိန်ကိုရောက်နေပါပြီ။
တရုတ်ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်၊ 1974 ကုလသမဂ္ဂမှာပြောသောမိန့်ခွန်းမှ ကောက်နှုတ်ချက်။“တရုတ်ဟာ စူပါ ပါဝါ အင်အားကြီးနိုင်ငံမဟုတ်သလို ဖြစ်လာဖို့လည်းမရည်ရွယ်ပါဘူး။ တကယ်လို့ နောင်တစ်ချိန်မှာ စူပါ ပါဝါနိုင်ငံဖြစ်သွားကာ ကမ္ဘာပေါ်မှာ အာဏာရှင်ကဲ့သီု့ ပြုမူလာပြီး၊ ဗိုလ်ကျအနိုင်ကျင့်မယ်၊ ကျူးကျော်မယ်၊ နေရာတကာ လူတွေအပေါ် ခေါင်းပုံဖြတ်၊ ကိုယ်ကျိုးရှာ၊ အမြတ်ထုတ်လာမယ်ဆိုရင်၊ ကမ္ဘာ့နိုင်ငံများက တရုတ်ကို လူမှုရေးနယ်ချဲ့ဝါဒီအဖြစ် ပုံဖော်ကြပါ၊ ဆန့်ကျင်ကြပါ၊ ပြီးတော့ တရုတ်ပြည်သူများနှင့်အတူတကွပူးပေါင်းပြီး မောင်းထုတ်အနိုင်ယူလိုက်ကြပါ”