တရုတ်ရေငုပ်သင်္ဘောတစ်စီး တောင်တရုတ်ပင်လယ်ကျွန်းတစ်ခုရှိ မြေအောက်စခန်းကို အသုံးပြုနေ

Posted on

တရုတ်ရေငုပ်သင်္ဘောတစ်စီးဟာ တောင်တရုတ်ပင်လယ် Hainan ကျွန်းရှိ မြေအောက်အခြေစိုက်စခန်းကို အသုံးပြုနေတဲ့ ဂြိုဟ်တုဓာတ်ပုံတွေဟာ အင်တာနက်မှာ ထွက်ပေါ်လာတယ်လို့ အခုလ (၂၁)ရက် CNN သတင်းမှာဖော်ပြထားပါတယ်။ဒီဓာတ်ပုံတွေဟာ အမေရိကန် Planet Labs ကုမ္ပဏီရဲ့ ဂြိုဟ်တုဓာတ်ပုံတွေဖြစ်ပြီး၊ ပထမဆုံးအကြိမ် လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတာပါ။ ဓာတ်ပုံတွေအရ နျူကလီးယားစွမ်းအင်သုံး Type 093 ရေငုပ်သင်္ဘောတစ်စီးဟာ Hainan ကျွန်းရှိ Yulin ရေတပ်စခန်း မြေအောက်ကျောက်ချရာ လိုဏ်ခေါင်းထဲကို ဝင်သွားတာ မြင်တွေ့ရပါတယ်။

ဒီဓာတ်ပုံတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားပေးဖို့ တရုတ်အာဏာပိုင်တွေထံ CNN သတင်းဌာနက ဆက်သွယ်ထားပါတယ်။Yulin ရေတပ်စခန်းဟာ Hainan ကျွန်းတောင်ဘက်စွန်း၊ ဟောင်ကောင်ကျွန်းကနေ မိုင်(၃၀၀)ခန့်အကွာမှာ ရှိပါတယ်။

Type 093 ရေငုပ်သင်္ဘောတွေဟာ ပုံကွဲသုံးမျိုးရှိပြီး၊ တိုပီဒိုဒုံးကျည်တွေနဲ့ ခရုစ်ဒုံးကျည်တွေကို တင်ဆောင်ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *