တရုတ်ပိုင်နက်ဖြစ်တဲ့ Xisha ကျွန်းများအနီး ရေပြင်ကနေ အမေရိကန်စစ်သင်္ဘောတစ်စင်းဟာ ကြာသပတေးနေ့က ဖြတ်သန်းသွားခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းရေကြောင်းနှင့်လေကြောင်း တပ်ဖွဲ့မှ တင်ပြလာကြောင်း တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလာပါတယ်။
USS Mustin အမည်ရ ဒုံးကျည်တပ်အမေရိကန်ဖျက်သင်္ဘောဟာ ရေကြောင်းအချက်ပြ ခွင့်ပြုချက်မတောင်းဘဲ တရုတ်ရေပိုင်နက်အတွင်း ဝင်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်တပ်ဖွဲ့များက ရေကြောင်း လေကြောင်းများနဲ့ ထောက်လှမ်းပြီး ပြန်လည်ထွက်ခွာဖို့သတိပေးခဲ့ပေမဲ့ အမေရိကန်တို့က ဖြတ်သန်းခဲ့ပါတယ်။
နိုင်ငံရေပြင် ဘေးကင်းရေးနဲ့ ဒေသတွင်းတည်ငြိမ်မှုကို အလေးပေးခြင်းအားဖြင့် နောက်နောင်ယခုကဲ့သို့ မပြုလုပ်ရန် တရုတ်ဘက်က တောင်းဆိုခဲ့ကြောင်း သိရပါတယ်။