တရုတ်နိုင်ငံတွင် လူထောင်ချီ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲနေ

Posted on

တရုတ်နိုင်ငံမှာ အရေးပေါ်လိုအပ်နေသူ ထောင်ပေါင်းများစွာကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထောက်ပံ့ပေးနေပြီလို့ အစိုးရပိုင် ဆေးကုမ္ပဏီ SinoPharm က သတင်းထုတ်ပြန်ပါတယ်။

ကုမ္ပဏီရဲ့အဆိုအရ ဆေးဝန်ထမ်းတွေ၊ ရောဂါကူးစက်နှုန်းမြင့်တဲ့ ဒေသတွေမှာ အမှုထမ်းတဲ့ သံတမန်တွေ၊ တရုတ် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ ပါဝင်နေတဲ့ အစိုးရစီမံကိန်းတွေ အပါအဝင် အန္တရာယ်အရှိနိုင်ဆုံးသူတွေကို အရေးပေါ်ကာကွယ်ဆေး ဦးစားပေးထောက်ပံ့နေတယ်လို့ သိရပါတယ်။

SinoPharm က ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်မျိုး ထုတ်လုပ်နေပြီး ဒီဆေးနှစ်မျိုးလုံးဟာ လက်တွေ့စမ်းသပ်ကုသမှု အဆင့်သုံး ရောက်နေပြီလို့ ဆိုပါတယ်။ဒီကာကွယ်ဆေး ထိုးထားပြီးသူတွေထဲမှာ ရောဂါကူးနိုင်ခြေ အရှိဆုံးဒေသတွေကို ခရီးထွက်ခဲ့ပြီးနောက် ဘယ်သူမှ ပိုးကူးစက်မှု မရှိတဲ့အတွက် “ဒီကာကွယ်ဆေးတွေဟာ ထိရောက်ကြောင်း သက်သေရှိတယ်” လို့ ဆေးကုမ္ပဏီရဲ့ ဥပဒေ အကျိုးဆောင် Zhou Song Zhou က ပြောပါတယ်။

လက်တွေ့စမ်းသပ်ကုသမှု အဆင့်သုံး အောင်မြင်သွားတဲ့အခါ ဒီကာကွယ်ဆေးကို ပြည်သူတွေ စတင်သုံးနိုင်ဖို့ကတော့ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ ဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံ ဆေးဝါးကွပ်ကဲမှုဌာန ဇီဝဆေးဝါးလုံခြုံမှုဌာန ကျွမ်းကျင်သူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *