တရုတ်နိုင်ငံတောင်ပိုင်းရှိ Huawei ကုမ္ပဏီ အဆောက်အဦး မီးလောင်

Posted on

တရုတ် နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei Techologies ပိုင် တရုတ်နိုင်ငံတောင်ပိုင်း၊ Dongguan မြို့ရှိ အဆောက်အဦမှာ သောကြာနေ့ ( စက်တင်ဘာ ၂၅ ) က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုပါတယ်။

Huawei သုတေသန ဓာတ်ခွဲခန်း အဆောက်အဦးအနီးရှိ မီးလောင်မှုဖြစ်ပွားရာ အဆောက်အဦဟာ သံမဏိကိုယ်တည်နဲ့ ဆောက်လက်စ အဆောက်အဦဖြစ်ကာ အသုံးပြုရခြင်း မရှိသေးကြောင်း Dongguan မြို့၊ Songshan Lake ဧရိယာရှိ စီမံခန့်ခွဲမှု ကော်မတီက ပြောကြားပါတယ်။မီးသတ်တပ်ဖွဲ့တွေဟာ သောကြာနေ့ မွန်းလွဲပိုင်း အချိန်မှာ မီးကို ငြိမ်းသတ်ခဲ့ကြောင်း၊ အများအားဖြင့် မီးလောင်ကျွမ်းခံရတဲ့ ပစ္စည်းတွေဟာ အသံစုပ်ယူတဲ့ ဂွမ်းစတွေဖြစ်ကြောင်း၊ ကုမ္ပဏီဝန်ထမ်း ၃ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Dongguan မြို့ မီးဘေးကယ်ဆယ်ရေး ဌာနက ပြောကြားပါတယ်။

မီးလောင်မှုဟာ Huawei သုတေသန ဓာတ်ခွဲခန်းမှာ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ သို့ပေမယ့် ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို Huawei က ပြန်လည်တုံ့ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ဓာတ်ခွဲခန်းဟာ အဓိကအားဖြင့် ပစ္စည်းတွေကို သုတေသနပြုခြင်းအပြင် Huawei ရဲ့ အခြေခံလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ 4G နဲ့ 5G အင်တာနာတွေကို စမ်းသပ်ဖို့အတွက် အသုံးပြုလေ့ရှိတယ်လို့ အဆိုပါ ကိစ္စနဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *