ထင်မထားလောက်အောင် သရုပ်ဆောင်ကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးခြင်းခံခဲ့ရတဲ့ အောင်ရဲထိုက်

Posted on

မိန်းကလေးတွေ သည်းသည်းလှုပ် ချစ်ရတဲ့ မင်းသားချောလေး အောင်ရဲထိုက်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုတွေများစွာကို ဆွတ်ခူး ရရှိခဲ့သူပါ။ အောင်ရဲထိုက်က “ည” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ လူပိုသိလာပြီး နောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အောင်ရဲထိုက်က လတ်တလောပြသနေတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာလည်း ဇွဲထက်ဆိုတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူဌေးသားတစ်ဦးဖြစ်တဲ့ ဇွဲထက်က ဖခင်ဖြစ်သူဆီက အသိအမှတ်ပြုခံရဖို့ ကြိုးစားနေရပြီး သူ့ကိုယ်သူ အသုံးမဝင်တဲ့ လူကြောက်လေးတစ်ယောက်အဖြစ် အသက်သွင်းခဲ့ရတာ ဖြစ်ပါတယ်။

အောင်ရဲထိုက်က နောက်ဆုံးအချိန်ထိ သူသရုပ်ဆောင်ရတဲ့ ဇွဲထက် ကာရိုက်တာအပေါ် စိတ်နှစ်ပြီး အကောင်းဆုံး ကြိုးစားသွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

အောင်ရဲထိုက်ကလည်း “ဇွဲထက် အဖြစ် တာဝန်ထမ်းဆောင်ပြီးပါကြောင်း ကျေနပ်နှစ်သက်နိုင်ကြပါစေ။ နောက်ထပ်ဇာတ်ကောင်စရိုက်အသစ်များဆီသို့ ဆက်လက်ချီတက်နေပါဦးမည်။” ဆိုပြီ ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်။

အောင်ရဲထိုက်ကတော့ ရုပ်ရှင်ဖြစ်စေ၊ ဇာတ်လမ်းတွဲ ဖြစ်စေ အကောင်းဆုံး စိတ်နှစ်ပြီး သူ့ရဲ့ အရည်အချင်းအားလုံးကို အစွမ်းကုန် ထုတ်ပြနိုင်သူ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ရဲထိုက်ရဲ့ ရှေ့ဆက်လျှောက်မယ့် အနုပညာခြေလှမ်းအသစ်တွေကို အားပေးကြပါဦးနော်။