ထပ်တိုးလူနာရှစ်ဦးမှာ ပိုးတွေ့သူများနှင့် ဆက်စပ်သူဖြစ်

Posted on

COVID-19 ရောဂါ ကူးစက်မှုနှင့်ပတ်သက်ပြီး ကျန်း မာရေးနှင့် အားကစားဝန်ကြီး ဌာနက ဧပြီ ၂၀ရက်ည ထုတ်ပြန် ချက်တွင် လူနာရှစ်ဦးတိုးလာပြီး စုစုပေါင်း ၁၁၉ ဦးရှိလာသည်။အဆိုပါ ထပ်တိုးလူနာရှစ်ဦး စလုံးမှာ ပိုးတွေ့လူနာများနှင့် ဆက်စပ်နေသူများဖြစ်ပြီး တာ ချီလိတ်မြို့မှတစ်ဦး၊ တီးတိန်မြို့မှ တစ်ဦး၊ ပြည်မြို့မှနှစ်ဦးနှင့် ကလေးမြို့မှလေးဦးဖြင့် စုစု ပေါင်းရှစ်ဦးဖြစ်သည်။တာချီလိတ် မြို့နယ်တွင် ဒုတိယမြောက် ပိုးတွေ့လူနာ အဖြစ်တွေ့ရှိခဲ့သည့် အသက် (၂၉) နှစ်အရွယ် အမျိုးသမီး လူနာအမှတ် (၁၁၂) သည် သူနာ ပြုဆရာမဖြစ်ကြောင်း တာချီ လိတ်မြို့နယ် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်တင့်ကပြောသည်။


၎င်းသည် လူနာအမှတ်(၉၆) နှင့်ထိတွေ့ဖူးသူဖြစ်ပြီး ယင်းလူ နာအား ကျိုင်းတုံဆေးရုံသို့ပြောင်း ရွှေ့ကုသပေးမည်ဟု ဦးခင်မောင် တင့်ကဆိုသည်။ထို့အပြင် လူနာအမှတ် (၉၆) နှင့်ထိတွေ့ခဲ့သော တာချီ လိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ဝန် ထမ်း ၃၀ ဦး၏ ဓာတ်ခွဲနမူနာအား ရယူကာ ရန်ကုန်သို့ပေးပို့စစ်ဆေး ခဲ့ရာ ၂၉ ယောက်တွင်ပိုးမတွေ့ရှိ ဘဲ လူနာအမှတ် (၁၁၂) တစ်ဦး သာလျှင် ပိုးတွေ့ရှိခြင်းဖြစ်သည်။ ပိုးမတွေ့ရှိသည့် ၂၉ ဦးကို နောက်ထက်တစ်ကြိမ် ထပ်မံစစ် ဆေးဦးမည်ဖြစ်သည်။အထက်ပါ လူနာအမှတ် (၉၆) သည် တောင်ဥက္ကလာမြို့ နယ် ဇီဇဝါအိမ်ရာတွင်နေထိုင် သော ပိုးတွေ့လူနာခြောက်ဦး၏ အဆက်လည်း ဖြစ်သည်။

လူနာအမှတ် (၁၁၃) မှ (၁၁၇) အသက် (၆၅) နှစ်အရွယ် လူနာအမှတ် (၁၁၃) သည် ချင်း ပြည်နယ် တီးတိန်မြို့နယ်ရှိ ကပ် တဲလ်ကျေးရွာမှဖြစ်ကြောင်း ချင်း ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင် လွန်းမင်ထန်က ပြောသည်။၎င်းသည် လူနာအမှတ် (၁) ကို မင်္ဂလာပွဲကျင်းပပေးခဲ့သည့် ဖာသာ၏ဇနီးဖြစ်ကြောင်း တီး တိန်မြို့နယ် COVID-19 တိုက် ဖျက်ရေး ဆောင်ရွက်နေသည့် ပရဟိတလူငယ် ကိုမုန့်နိုးက လည်းအတည်ပြုသည်။ထို့အပြင် ကလေးမြို့တွင် တွေ့ရှိခဲ့သည့် COVID-19 ထပ် တိုးလူနာလေးဦးမှာ အမှတ် (၁၁၄) မှ (၁၁၇) သည် လူနာ အမှတ် (၈၈) ၏ မိသားစုဝင်များ ဖြစ်ကြောင်း ကလေးမြို့နယ်ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူက ပြောသည်။

‘‘နဂိုကတည်းက Home Quarantine ယူထားတဲ့သူပေါ့။ လူနာအမှတ် (၈၈) နဲ့ပတ်သတ်လို့ သူ့မိသားစုဝင် ရှစ်ယောက်စလုံး စစ်တော့။ လေးယောက်မှာပိုး တွေ့ခဲ့တာ။ သူတို့နေတဲ့တောင်ဖီ လာရပ်ကွက်ကိုတော့ Lockdown ချဖို့ပြင်နေပြီ’’ဟု ၎င်းက ပြောသည်။လက်ရှိအခြေအနေတွင် လူ နာအမှတ် (၈၈) အပါအဝင် ထပ် တိုးလူနာများဖြစ်သော လူနာအ မှတ် (၁၁၄) မှ (၁၁၇) တို့ကို ကလေးမြို့ တိုင်းရင်းဆေးရုံသို့ ပြောင်းရွှေ့ထားရှိရန် စီစဉ်ထား ကြောင်း ဒေါ်အေးအေးမူကဆက် ပြောသည်။အထက်ပါ လူနာအမှတ် (၈၈) သည် တီးတိန်မြို့နယ်မှ မင်္ဂလာပွဲနှင့်ဆက်စပ်သည့် လူနာ အမှတ် (၃၁) ၏ အဆက်ဖြစ် သည်။

 

အထက်ပါ လူနာခြောက်ဦး သည် ယမန်နေ့ည ၈ နာရီက ထုတ်ပြန်သူများဖြစ်ပြီး ည ၁၁ နာရီတွင် ထပ်မံထုတ်ပြန်ချက်အရ ပဲခူးတိုင်း ပြည်မြို့မှ ပိုးတွေ့လူနာ နှစ်ဦး ထပ်မံတိုးလာကြောင်းထုတ် ပြန်သည်။အသက် (၃၁) နှစ်အရွယ် အမျိုးသမီး လူနာအမှတ် (၁၁၈) နှင့် အသက် (၃၁) နှစ်အရွယ် အ မျိုးသမီး လူနာအမှတ် (၁၁၉)တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆို သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ရောဂါးပိုးတွေ့ရှိသူနှင့် ထိတွေ့ဖူး သူများဖြစ်ကြောင်း ထုတ်ပြန် သည်။

Leave a Reply

Your email address will not be published. Required fields are marked *