ထားခဲ့တဲ့ ချစ်သူ ကို တစ်နေ့ ဖုန်း အကြိမ်(၁၉၀) ဆက်ပြီး ပြန်ရအောင်ကြိုးစားတဲ့ အမျိုးသား

Posted on

စကော့တလန်နိုင်ငံသား James Addison လို့ အမည်ရတဲ့ အသက် 21 နှစ်အရွယ် ရဲသားဟောင်းဟာ သူရဲ့ ချစ်သူဟောင်း ရဲ့အချစ်ကို ပြန်လည်ရရှိဖို့အတွက် နောက်ယောင်ခံချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့လို့ တရားရင်ဆိုင်နေရပြီဖြစ်ကြောင်း The Sun က ဆိုပါတယ်။James ဟာ Emma Coulter လို့အမည်ရတဲ့ အမျိုးသမီးနဲ့ အချိန်တော်တော်ကြာကြာ လက်တွဲခဲ့ပါတယ်။ဒါပေမယ့် လက်တွဲနေစဉ်အတောအတွင်းမှာ James ဟာ ချစ်သူ အပေါ်ကို ချုပ်ချယ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။အတိုအပြတ် ယူနီးဖောင်း ဝတ်ပြီး လုပ်ငန်းခွင်ဝင်ရတဲ့ Emma ကို James က လုံလုံခြုံခြုံဝတ်သွားစေဖို့ စေခိုင်းလေ့ရှိပါတယ်။

ဒီလိုနဲ့ ချုပ်နှောင်မှုတွေများခဲ့တဲ့ အချစ်ရေးဟာ နောက်ဆုံးတော့ ပြိုကွဲသွားခဲ့ပါတယ် ဒီလို ပျက်ဆဲသွားချိန်မှာ James ဟာ တစ်ရက်ကို ဖုန်းခေါ်ဆိုမှု အကြိမ် 190 အထိ ခေါ်ဆိုခဲ့ပြီး၊ သူ့ကို ဖုန်းပြန်ခေါ်ဖို့ မက်ဆေ့တွေ၊ သူရဲ့အချစ်ကို ပြန်လည် လက်ခံဖို့မက်ဆေ့တွေ ဆက်တိုက်ပေးပို့ခဲ့ပြီး၊ အကြိမ်ပေါင်း 1000 ကျော်တယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။James ဟာ ချစ်သူဟောင်း Emma ရဲ့ အိမ်အထိ မကြာခဏသွားရောက်ကာ သူရဲ့အချစ်ကို ပြန်ပြီးလက်ခံဖို့ တောင်းပန်တိုးလျှိုးခဲ့ပါတယ် နောက်ဆုံးတော့ ဒီကိစ္စဟာ တရားရုံးအထိ ရောက်သွားခဲ့ပါတယ်။ James ဟာ တရားသူကြီးကို အမှုနဲ့စွဲချက်မတင်ဖို့ အသနားခံစာတင်ခဲ့ပါတယ်။James က Glasgow Sheriff Court တရားရုံးတော်မှာ သူ ကျူးလွန်ခဲ့တာတွေအတွက် အများပြည်သူအကျိုးပြုလုပ်ငန်းတွေ၊ လျှော်ကြေးတွေနဲ့အတူ၊ နောက် ဒီလိုကိစ္စတွေ မကျူးလွန်တော့ပါဘူးလို့ ကတိတွေ ပေးခဲ့ပါတယ်။

သူဟာ ဒီအမှုကြောင့် တာဝန်မှ ရပ်ဆဲခံထားရပြီး၊ လက်ရှိအချိန်မှာတော့ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။James ချစ်သူနဲ့ ပျက်ဆဲပြီးနောက် လူမှုကွန်ယက်အမျိုးမျိုးနဲ့ Emma ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်တာမျိုးလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။တရားရုံးက James ကို 12 လ တိတိ ကြီးကြပ်ထိန်းသိမ်းရေးဌာနလက်အောက်မှာ နေထိုင်ဖို့နဲ့၊ နာရီပေါင်း 100 အများပြည်သူဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ဖို့၊ Emma ကို ပေါင် 750 လျှော်ကြေးပေးပြီး၊ 2 နှစ်အတွင်း လုံးဝဆက်သွယ်ခြင်းမပြုဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *