“ပေါက်တဲ့အိုး” တစ်ကိုယ်တော်ခွေအယ်လ်ဘမ်လေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ အဆိုတော်မလေး အေသင်ချိုဆွေကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အေသင်က ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကြောင့် ဂီတလောကကနေ ခေတ္တပျောက်ကွယ်သွားခဲ့ပေမယ့် လက်ရှိမှာတော့ သူမချစ်တဲ့ ပရိသတ်တွေနဲ့အတူ အနုပညာအလုပ်တွေကို ပန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။
အေသင်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးသင်မြတ်နိုးနဲ့အတူ သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကာ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်..။ အေသင်က သူမရဲ့ လှုပ်ရှားမှုတွေနဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ ဒီနေ့ ဧပြီလ (၁)ရက်နေ့မှာတော့ ထီကံကောင်းပြီး ထီဆုကြီး (၄)သိန်းတောင် ပေါက်တဲ့သတင်းကောင်းလေးကို “ကဲ ကဲ အိမ်မှာပျင်းနေမှာဆိုးလို့ ထီဝိုင်းတိုက်ပေးပါ။ အနည်းဆုံးသိန်း(၅၀) ပေါက်အောင် တိုက်ပေးပါ။ အခုလောလောဆယ်တော့ (၄)သိန်း ပေါက်ပြီ။ ဟီး..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။
အေသင်တစ်ယောက်ကတော့ ပရိသတ်တွေ အားကျအောင် ထီတိုက်ဖို့ကျန်နေသေးတဲ့ ထီဆောင်တွေကို တိုက်ပေးကြဖို့ အကူအညီတောင်းလိုက်တဲ့ပုံက ထီပေါက်လို့ ပျော်မဆုံးဖြစ်နေတယ် ထင်ပါတယ်နော်