ဟာသသရုပ်ဆောင် အလင်းသခင်ကတော့ အွန်လိုင်းပရိသတ်တွေရဲ့ ကြားမှာ အထူးရေပန်းစား နေသူတစ်ဦးပါ။
ဟာသလေးတွေ နဲ့ အတူ တဖြည်းဖြည်းနာမည်ကြီးလာခဲ့တဲ့ သူဟာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ရှိနေတာဖြစ်ပါတယ်။
ယခုနောက်ပိုင်းမှာ အလှူတွေဆက်တိုက်လုပ်ဖြစ်နေတဲ့ အလင်းသခင်ဟာ ယခုလအောင်ဘာလေထီဖွင့်ပွဲမှာ ကျပ်သိန်း ၅၀၀ ဆုကြီးကိုဆွတ်ခူးနိုင်ခဲ့ကြောင်း သူ့ပရိသတ်တွေကို အသိပေးလာခဲ့တာပါ။ ” သိန်းငါးရာ ထီပေါက်လို့ အရမ်းကိုပျော်ရွှင်ရပါတယ် ဗျမွေးလမှာ ကံကောင်းနေတာ ” ဆိုတဲ့စာလေးနဲ့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးခဲ့တာပါ။
အလှူတွေဆက်တိုက်လုပ်နေတဲ့ အလင်းသခင်တစ်ယောက်အတွက်ကတော့ တကယ့်ကို ကံကောင်းမှုတွေဆက်တိုက်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
“အဖေအတွက်ရော အမေအတွက်ရော ပိုက်ဆံမလိုသေးလို့
အဖေအတွက် အမေအတွက် ကျနော်တို့မိသားစုအတွက် နောက်ဘဝမှာ မွေးဖွာလာထဲက ချမ်းချမ်းသာသာနဲ့နေနိုင်အောင်
ရ
တဲ့ ပိုက်ဆံအကုန်လှူပစ်မှာပါ 🙏🏻🙏🏻🙏🏻
ကျနော် မလိုအပ်ပဲ ဝင်လာတဲ့ ပိုက်ဆံမို့လို့
လိုအပ်တဲ့နေရာတွေ လှူပစ်မှာပါ ” လို့ ထီပေါက်တဲ့ ငွေများကိုလည်း လှူဒါန်းမယ့်အကြောင်းရေးထားပါတယ်။ပရိသတ်ကြီးရေ….ပရိသတ်ကြီးလည်း သူနဲ့ထပ်တူ ဝမ်းသာနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။