မြန်မာ့လက်ရွေးစဉ်အားကစားသမားဟောင်းဇင်မာဝမ်း ကတော့ လ တိုင်း ထီပေါက်ပါတယ်လို့ ပြောလာပါတယ်
အ၇င်လကလည်း ထီ ၅ စောင်တွဲ မှ ၅ သောင်းဆုကို ၅စောင်လုံးကံထူးထားသူဖြစ်ပါတယ်။
ယခုလည်း ထီပေါက်ထားတဲ့ သိန်း၂၀၀ကိုမတည်ပြီး ရွှေတိဂုံစေတီတော်ပုံစံတူ စေတီတည်သွားမယ် လို့ ဆိုလာပါတယ်
ရုပ်သံကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်။
သူမ အမြင့်ဆုံး ထီ ဆု ပေါက်ခဲ့ဖူးတာက ကျပ်သိန်း ၂၀၀ ဆု ကို ဆွတ်ခူးဖူးတယ်။ အဲ့ဒီ သိန်း ၂၀၀ လုံးကို သူမ မသုံးစွဲခဲ့ဘူး ဘုရားတည်ဖို့အတွက် သူမ ငွေပဒေသာပင်အဖြစ် ထားလိုက်တယ်။ မန္တလေးတိုင်း မိတ္ထီလာခရိုင် မလိုင်မြို့ က ခြေတော်ရာ ကျောင်း တိုက်မှာ ဘုရားစေတီ တည်ဖို့ လုပ်နေပြီ။
စေတီတော် နာမည်ကို ” ဇေယျာသိဒ္ဓီ ဆုတောင်းပြည့်စေတီတော်” လို့ မှည့်ထားတယ်။ ကုသိုလ်ပါဝင်လိုသူတွေလည်း စေတီတော်တည်တဲ့နေရာမှာ ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ပါတယ်။
ဇင်မာဝမ်း ဘာကြောင့်ထီ လတိုင်းပေါက်နေရတာလဲဆိုတော့ သူမကိုယ်သူမတောင် ပြန်အံြ့ သမိတယ်လို့ ပြောပြောပြတယ်။ တစ်ခုက သူက ထီပေါက်တဲ့ ပိုက်ဆံဆုကြေးတွေကို ကိုယ်ကျိုးအတွက် သုံးတာ ရှားတယ်။ သာသနာ အတွက်နဲ့ အလှူအတန်း ပရဟိတ တွေမှာပဲ အသုံးပြုလေ့ရှိတယ်။ အဲ့ဒါကြောင့် လတိုင်း ပေါက်နေတာလား မသိဘူးလို့ ပြောပြောပြတာလည်း ရှိတယ်။
ဘာပဲ ဖြစ်ဖြစ် သူမကို ချစ်တဲ့ သူငယ်ချင်းတွေက “ဇင်မာပေါက်” ဆိုတဲ့အထိအောင် နာမည်ကင်ပွန်းမှည့်ယူပေးရတဲ့အထိ “ထီ” ကံကောင်းသူလေး မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း တိုက်စစ်မှူးဟောင်း ဇင်မာဝမ်း ပါ
ဒီလြ သဂုတ်မှာ ထီပေါက်တော့ သူမရဲ့ အကောင့်မှာ တင်ထားတဲ့ စာလေးက…
“ထီသည်က ဒီနေ့မှဖုန်းဆက်လို့
ထီပေါက်ကြောင်း ပို့စ်လာတင်တာ
လားရှိုးရောက်တုန်းကံစမ်းလိုက်တဲ့ထီတွေထဲက
အက္ခရာနဲ့ ရှေ့ဂဏန်း (၃)လုံးတူ ကဃ – ၈၉၃
အက္ခရာနဲ့ ရှေ့ဂဏန်း (၂) လုံးတူ ဎ – ၉၆
အက္ခရာနဲ့ ရှေ့ဂဏန်း (၂) လုံးတူ ဃ – ၃၅
(၁) သိန်းဆု(၁) ဆု နဲ့ (၅) သောင်းဆု (၂) ဆုပေါက်တယ်
ဒီလထဲ စပ်တူကံစမ်းကြတဲ့သူတွေလည်းရှိတယ်
ကိုယ်တိုင်သီးသန့်ထိုးတဲ့ထီလက်မှတ်ပဲ
ရွေးပေါက်နေတော့ခက်တယ်
ဒီတစ်ကြိမ်နဲ့ဆိုရင် အောင်ဘာလေထီပေါက်တာ
အကြိမ် (၃၀) တိတိ ရှိသွားပြီ
ထီပေါက်တိုင်းအမြဲပျော်ရွှင်ရပါတယ်
ကံအကြီးကြီးထပ်ကောင်းပါစေ ” လို့ ရေးသားထားခဲ့တယ်။