ထီးလိုမင်းလိုဘုရား ထီးတော်တင်ပူဇော်ရာမှာ ကုသိုလ်ယူခဲ့တဲ့ ခန့်စည်သူ

Posted on

သရုပ်ဆောင်မင်းသားချော လူပျိုကြီး ခန့်စည်သူကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ခန့်စည်သူဟာ မကြာခဏဆိုသလို ရိုက်ကူးရေးတွေနဲ့ မြန်မာနိုင်ငံဒေသအနှံအပြားကို သွားရောက်နေရပါသေးတယ်။


ခန့်စည်သူက ရိုက်ကူးရေးတွေနဲ့ ရောက်တဲ့ နေရာဒေသတွေမှာ လိုအပ်နေတဲ့ အကူအညီတွေကို ပြုလုပ်လှူဒါန်းလေ့ရှိပါသေးတယ်။ ကုသိုလ်ရေးပွဲတွေမှာလည်း ငွေအားဒါနတွေအပြင် လုပ်အားဒါနတွေလည်း ပါဝင်ကူညီပေးလေ့ရှိပါသေးတယ်။လတ်တလောမှာလည်း ခန့်စည်သူက မြန်မာတို့ရဲ့ နှလုံးသားဖြစ်တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာရှိတဲ့ ထီးလိုမင်းလိုဘုရား ရွှေထီးတော် တင်လှူပူဇော်ရာမှာ ပါဝင်ကုသိုလ်ယူခဲ့ပါသေးတယ်။


ခန့်စည်သူက အခုလုပ်အားဒါနအလှူလေးရဲ့ ကုသိုလ်အဖို့ဘာဂကို “အလှူရှင်များနှင့်တကွ (၇)ရက်သား၊သမီးအပေါင်းသူတော်ကောင်းတို့တတွေ ကျန်းမာကြပါစေ။ချမ်းသာကြပါစေ။ စိတ်ဆင်းရဲကင်းကြပါစေ။ ကိုယ်ဆင်းရဲ ကင်းကြပါစေ။ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။”ဆိုပြီး မျှဝေပေးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *