တိုးတက်လာတဲ့ ခေတ်ကြီးနဲ့ အညီ ဖက်ရှင်တွေဟာလည်း တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ်အသစ်ထွက်ရှိလို့နေပါတယ်။ ဖက်ရှင်ဆိုတဲ့ အရာမျိုးက ဘယ်တော့မှ ရိုးသွားတယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်းဆန်းသစ်နေတာပါ။ အရိုးဆုံးဖက်ရှင်ဆိုတာတတောင် အဆန်းဆုံးဖက်ရှင် ဖြစ်လာနိုင်ပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ကတော့ လေပူဖောင်းပုံစံဘောင်းဘီကြီးတစ်ခုကို ဖန်တီးခဲ့ကြောင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
ဒီလို လေပူဖောင်းပုံစံဘောင်းဘီကြီးကို တီထွင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာကတော့ အိန္ဒိယနိုင်ငံက နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ Harikrishnan ပဲ ဖြစ်ပါတယ်။ Harikrishnan ကတော့ သူရဲ့ဖက်ရှင်ဒီဇိုင်းကို “ London College of Fashion” ပွဲမှာ ထုတ်ပြခဲ့ပြီး လူတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ဒီအိုင်ဒီယာကိုတော့ ကျွန်တော့ အိမ်မွေးခွေးကလေးနဲ့ ဆော့နေတုန်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးတော့ Aladdin ကားကြည့်ပြီးကတည်းက အာလာဒင်ဝတ်ထားတဲ့ ပုံစံကို ထွင်ချင်နေတာကြာပါပြီ။ ဒီခေတ်မှာ ဒီလို အောက်ကို အပွပုံစံ ဝတ်တဲ့ ဖက်ရှင်က တော်တော်ခေတ်စားနေပြီလေ” လို့ Harikrishnan က ပြောကြားခဲ့ပါတယ်။
အပြင်လောကထဲမှာ တကယ်ရှိတဲ့ Crazy Rich Asian ဇာတ်ကားထဲက မိသားစု
ဘောင်းဘီအသားကတော့ သာမန်အဝတ်သားတွေလိုမဟုတ်ဘဲနဲ့ ပလတ်စတစ်အပျော့သားလိုပုံစံမျိုးနဲ့ ချုပ်လုပ်ဖန်တီးထားတာဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ ဝတ်လို့ရမယ့် ဘောင်းဘီပါ။က သူ့ဖက်ရှင်ဒီဇိုင်း အသစ်ကို Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ လူတော်တော်များများကတော့ “ မင်းဘောင်းဘီဝတ်ထားတုန်း တစ်ခုခုနဲ့ ထိခိုက်မိလို့ ကွဲသွားရင် ဘယ်လိုလုပ်မလဲ” “ တော်တော်ထူးဆန်းတဲ့ ဘောင်းဘီကြီးပဲ” အစရှိသဖြင့် မှတ်ချက်တွေပေးခဲ့ကြပါတယ်။