ဒိတ်ဒိတ်ကြဲနာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကိုဘာကြောင့်ချစ်သူအဖြစ်ရွေးချယ်ခဲ့လဲဆိုတာ ပြောပြခဲ့တဲ့ မအေးသောင်း

Posted on

အနုပညာလောကထဲကို ၂၀၁၇ ခုနှစ်မှာ အေးဝတ်ရည်သောင်းဟာ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ် ကား ကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာအဆက်မပြတ် သရုပ်ဆောင် နေရတဲ့ မင်းသမီးချောလေး ပါ။ သူမဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ရွှေချည်လွှာ နဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကို လည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုရက်ပိုင်းမှာတော့

အေးဝတ်ရည်သောင်းက သူမရဲ့ ချစ်သူ ကိုချပြလာခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း လိုက်ဖ က်တဲ့စုံတွဲလေးအဖြစ် ဝိုင်းဝန်းပြောဆိုနေကြတာပါ ချစ်သူကို ချပြဖြစ်ခဲ့ပုံကို မအေးသောင်းက “Facebook မှာ တစ်ခါမှ ချစ်သူ ပုံ ချမပြခဲ့ဖူးဘူး။ ချစ်သူ ရဲ့ မွေးနေ့မှာ Surprise လုပ်ပေးချ င် လို့ စုံတွဲ ပုံလေး တင်လိုက်တာပါ။ သူကိုယ်တိုင်လည်း Surprise ဖြစ်သွားတယ်။ ယောကျ်ားတ စ်ယောက်ကို ရွေးချယ်ရင်သစ္စာတရား ကို အဓိကထားပါတယ်။

အကောင်းဆုံးဖြစ်မယ့် သူကို ရွေးချယ်ခဲ့တာပါ” လို့ပြော ပြလာခဲ့တာဖြစ်ပါတယ် နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ချစ်သူအဖြစ်ရွေးချယ်ဖြစ် ခဲ့ပုံကိုလည်း ” စီးပွားရေးလုပ်ငန်းရှင်ရယ်လို့ရွေးချယ်ခဲ့တာတော့ မဟုတ်ဘူး အမခံယူထားတာက ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုနားလည်ရမယ် သစ္စာရှိရမယ် အမရဲ့ အလုပ်အပေါ်မှာ နား လည်မှုရှိရမယ်သူ့အလုပ်ကိုလည်း အမနားလည်လို့ရတယ်ဆိုတော့ အများကြီးပါပဲ တစ်ယောက်ကို တစ်ယောက် ချစ်တာတွေရော ပေါင်းစပ်ပြီးရွေးချယ်ဖြစ်ခဲ့တာပါ ” လို့ ရှင်းပြသွားခဲ့တာပါအေးဝတ်ရ ည်သော င်းကတော့ အချိန်အတန်ကြာ ချမပြခဲ့တဲ့ ချစ်သူကို ချပြလာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ ချီးကျူး ခြ င်းကိုရရှိနေခဲ့တာပါ ပရိသတ်ကြီးရေ မအေးသောင်းတစ်ယောက် ဘဝခရီးလမ်းကို အေးချမ်း သာယာစွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *