ဒီကပ်ဆိုးကြီးကို အတူတူကျော်လွှားနိုင်မှာပါလို့ အားပေးလိုက်တဲ့ အောင်လအန်ဆန်း

Posted on

အောင်လအန်ဆန်းဟာ ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်သမီးတစ်ယောက်နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့ပဲ ကုန်ဆုံးတတ်ပြီး အားတဲ့ ရက်တွေမှာ သားလေးကို ကျောင်းလိုက်ပို့ပြီး ဂရုတစိုက်ရှိသူလည်း ဖြစ်ပါတယ်။

အခုတော့ ဘဝထဲမှာ သမီးလေးပါ ထပ်တိုးလာပြီဖြစ်တာကြောင့် အောင်လအန်ဆန်းကတော့ ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်လို့နေပါပြီ။လောလောဆယ်မှာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံှ့နေတဲ့ ကူးစက်ရောဂါပိုးကြောင့် ကမ္ဘာနဲ့အဝှမ်းမှာ ဘောလုံးပွဲတွေနဲ့အခြားပျော်ပွဲရွှင်ပွဲတွေကိုရွှေ့ဆိုင်းလိုက်ရပြီဖြစ်ပြီး စူပါမားကတ်တွေမှာလည်း စားသောက်စရာတွေအားလုံးပြတ်လပ်လို့နေပါပြီ။

ဒါ့အပြင် လူစုလူဝေးတွေကိုရှောင်ရှားသင့်တယ်ဆိုတဲ့ ကြော်ငြာချက်တွေကြောင့်လည်း လူအများတွေ့ဆုံစုဝေးတဲ့နေရာတွေကို ပိတ်လိုက်ရပြီဖြစ်ပါတယ်။ ဒါကြောင့် အောင်လအန်ဆန်းလို အားကစားသမားတွေအနေနဲ့လည်း အခြားသူတွေနဲ့အတူတူစုပြီး လေ့ကျင့်ရေးဆင်းတဲ့နေရာတွေ၊ အားကစားရုံတွေကို သွားလို့မရတော့တဲ့အခြေအနေပါ။

လူတွေအားလုံးဟာလည်း ကျန်းမာရေးကိုပဲ ဂရုစိုက်ပြီး ကိုယ့်အိမ်ထဲမှာကိုယ်နေနေကြတာလည်းဖြစ်ပါတယ်။အောင်လအန်ဆန်းက မကြာသေးမီက သူ့ရဲ့လူမှုကွန်ယက်မှာ အားကစားလေ့ကျင့်နေတဲ့ video လေးတစ်ခုတင်ထားခဲ့ပါတယ်။အဲဒီ video လေးထဲမှာ စူပါမားကတ်တွေမှာစားစရာတွေပြတ်လပ်ပြီး သွားစရာ gym ရယ်လို့လည်းမရှိတော့ပေမယ့် အောင်လအန်ဆန်းကတော့ သူငယ်ချင်းတစ်ယောက်နဲ့အတူတူ အားကစားတွေလေ့ကျင့်နေတာတွေ့ရပါတယ်။

အောင်လအန်ဆန်းက အဲဒီ video လေးနဲ့အတူ “ဝယ်ယူစားသောက်ဖို့ဆန်မရှိ,လေ့ကျင့်ဖို့အတွက်အားကစားခန်းမတွေကိုပိတ်ထားပေမယ့်ကျွန်တော်တို့အတွက်ကတော့ပြသာနာမရှိပါဘူ။ သေချာတာတခုကတော့ ကျွန်တော်တို့၊ဒီမသေချာမရေရာတဲ့အချိန်ကာလကို အတူတူဖြတ်သန်းပြီးတော့ အားလုံးအေးဆေးတည်ငြိမ်သွားတဲ့တနေ့ ဖြတ်ကျော်ခဲ့တဲ့အဖြစ်အပျက်တွေကိုအပြုံးနဲ့ပြန်လှည့်ကြည့်နိုင်မှာပါ”လို့ ရေးထားခဲ့တာတွေ့ရပါတယ်။အောင်လအန်ဆန်းကတော့ အခြေအနေဆိုးတွေကြားထဲမှာ အရာရာကို အကောင်းမြင်စိတ်ထားပြီး ကိုယ်လုပ်စရာရှိတာကိုသာ တစိုက်မတ်မတ်ဆက်လုပ်နေခဲ့သလို ပရိသတ်တွေကိုလည်း မစိုးရိမ်ကြဖို့အားပေးထားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *