ဒီနေ့ခေတ်မိန်းကလေးတွေ အရှုံးပေးရလောက်အောင်လှခဲ့ကြတဲ့ တစ်ခါကမင်းသမီးချောများ

တစ်ချိန်က တီဗီဖန်သားပြင်မှာလာတဲ့ ကြော်ငြာတွေကို အားလုံးစိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုဖူးကြမယ် ထင်ပါတယ်။ ထိုကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်အချို့က အခုချိန်ထိ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေကြဆဲဆိုပေမယ့် တစ်ချို့ကတော့ အိမ်ထောင်ရက်သားတွေကျပြီး မိသားစုကိုသာ အချိန်ပေးနေရတာမို့ အနုပညာလောက ကနေ ကွယ်ပျောက်သွားတာကို တွေ့ရပါတယ်။ပရိသတ်တွေအတွက် တစ်ချိန်က ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသမီးချောများကို ဖော်ပြပေးလိုက်ပါတယ်။

ကြည်လဲ့လဲ့ဦး

ဆံပင်တိုတို ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ပရိသတ်တိုင်း ချစ်ခဲ့ကြရတဲ့ ကြည်လဲ့လဲ့ဦးက ရုပ်ရှင်၊ ဇာတ်ကားတွေနဲ့ ကြော်ငြာတွေများစွာကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ကြည်လဲ့လဲ့ဦးက သရုပ်ဆောင် ဇာနည်နဲ့ လက်ထပ်ခဲ့ပြီး သားသမီး (၃) ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ ကြည်လဲ့လဲ့ဦးက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပါဘူး။

စိုးမြတ်နန္ဒာ

ဒါဒါလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ခဲ့ကြရတဲ့ စိုးမြတ်နန္ဒာက အကယ်ဒမီ ဆုကြီးနှစ်ဆုကို ဆွတ်ခူးရရှိနိုင်တဲ့ထိ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ စိုးမြတ်နန္ဒာက လက်ရှိမှာတော့ သားလေးတစ်ယောက်ကို မွေးဖွားထားပြီး စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ကတော့ အလှမယ်ဘဝထဲက အောင်မြင်လာခဲ့တာ ဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယိုတွေ များစွာကို ရိုက်ကူးခဲ့ရပြီး အကယ်ဒမီဆုကြီး (၂) ဆုကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က ပြေတီဦးနဲ့ လက်ထပ်ပြီးနောက် ကလေးနှစ်ယောက် မွေးဖွားထားပြီးတဲ့တိုင် အခုချိန်ထိ ရုပ်ရှင်ဇာတ်ကားတွေ လက်မလည်အောင် ရိုက်ကူးနေရတဲ့ ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

လှအဉ္ဖလီတင့်

မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ လှအဉ္ဖလီတင့်ကလည်း ထိုခေတ်က အချောအလှ စာရင်းထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ လှအဉ္ဖလီတင့်ကတော့ အခုချိန်ထိတိုင် အိမ်ထောင်မကျသေးပဲ စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်ရင်း အနုပညာလုပ်ငန်းတွေကို ရပ်နားလိုက်တာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေနဲ့ ဆုပန်ထွာ

သရုပ်ဆောင်တဲ့နေရာမှာ အရမ်းအတွဲညီပြီး အပြင်မှာလည်း တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ ခိုင်နှင်းဝေနဲ့ ဆုပန်ထွာက အခုချိန်ထိတိုင် အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေသလို ဆုပန်ထွာကလည်း မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေလျက်ရှိပါတယ်။

ပန်းဖြူ

လှပတဲ့ နှာတံလေးနဲ့ အရမ်းလှတဲ့ မင်းသမီးချောလေး ပန်းဖြူကလည်း ထိုခေတ်က ဒိတ်ဒိတ်ကြဲ မင်းးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပန်းဖြူက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပဲ မိသားစုကိုသာ အချိန်ပေးရင်း ဘဝကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီမင်းသမီးတွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲဆိုတာ ပြောခဲ့ကြဦးနော်။