ဒီနေ့မှာပဲ အသက်(၁၈)နှစ်ပြည့်သွားပြီဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အုပ်စိုးခန့်

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဧပြီလ (၁၄)ရက်နေ့ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် အုပ်စိုးခန့်လေးရဲ့ အသက် (၁၈)နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်..။ ကိုယ့်ထိုက်နဲ့ ကိုယ်ကံ သီချင်းနဲ့ ဂီတအနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး “ချစ်နေပြီ” ဆိုတဲ့ သီချင်းလေးနဲ့ စတင်ကာ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုနဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်..။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာခဲ့ပြီး အနုပညာနဲ့ ကျောင်းပညာရေးကို ဘက်မျှအောင် လုပ်ကိုင်နေတဲ့သူပဲဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံထိပါ ဖန်ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေပြီဖြစ်ပါတယ်နော်..။ လက်ရှိမှာ MNTVမှာ ပြသလျက်ရှိတဲ့ “ အိမ်မက်တွေ မိုးထားတဲ့ အိမ်”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပထမဆုံးအကြိမ် ဇာတ်လမ်းတွဲသရုပ်ဆောင်မှုမှာ ပါဝင်ခဲ့ပြီး လင်းထက် ဆိုတဲ့ ကာရိုက်တာကို ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းဖြစ်ပေမယ့် အကောင်းဆုံး သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိနေတာပါ..။ အုပ်စိုးခန့်က သူ့ရဲ့ အသက်(၁၈)နှစ်ပြည့်မွေးနေ့ကို “Happy Birthday to new ME” ဆိုပြီး သူ့ရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်နော်။

အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အမြဲတမ်း ပျော်ရွှင်တက်ကြွစွာ နေတတ်တဲ့ အုပ်စိုးခန့်လေးကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့ ငွေကြယ်ပွင့်လေးတစ်ပွင့်လို့ ပြောရင်မှားမယ် မထင်ပါဘူးနော်..။ ပရိသတ်ကြီးလည်း အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေကို ရရှိထားတဲ့ အုပ်စိုးခန့်လေးရဲ့ အသက်(၁၈)နှစ်ပြည့်မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *