“ဒီ (၂) ယောက်ဆီမှာသာ ကိုဗစ်ပိုးတွေခဲ့ရင် မတွေးရဲစရာပဲဗျာ”

Posted on

ဩဂုတ်လ ၂၈ ရက်နေ့ ည ၁၀ :၃၀ မိနစ်တွင် ရခိုင်ပြည်နယ်မြောက်ဦးမြို့မှတောင်ငူမြို့သို့ပြန်လာသူ ညီအမတော်စပ်သူ အမျိုးသမီးနှစ်ဦးအား သီတဂူကျောင်သို့ Quarantine ဝင်ရန်အတွက်တောင်ငူမြို့COVIDထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ညွှန်ကြားချက်ဖြင့်တောင်ငူမြို့နယ်အသက်ကယ်ယာဥ်များကွန်ယက်TANO အဖွဲ့ဝင်နန်းတော်ဦးလူမှုကူညီရေးအဖွဲ့မှပို့ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ် ။

အဆိုပါအမျိုးသမီး ၂ ဦးသည် တောင်ငူမြို့ ၁၇ ရပ်ကွက်မီးရထားရဲလိုင်းခန်းမှာနေထိုင်ကြပြီး သားဖြစ်သူရဲဝန်ထမ်း မြောက်ဦးမှာ တာဝန်ကျသူကို အတူတူလိုက်ပို့ကြရင်း ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကပြန်လာတာဖြစ်တယ်လို့ ရထားရဲဝန်ထမ်ူမိသားစုဝင်များနှင့်နီးစပ်သူထံကသိရှိရပါတယ် ။Q မဝင်ခင်မနေ့က နေ့လည်ပိုင်းမှာ တောင်ငူမြို့စွန် ကောင်းမှုတော်ဘုရားနားက လဲဘူးရွာက ၎င်းတို့ရဲ့တူမအသုဘကို ရထားရဲဝန်ထမ်းမိသားစုဝင်ရဲမေတွေနဲ့အတူသွားခဲ့တယ်လို့လည်းစုံစမ်းသိရှိရပြီး ယနေ့လောလောဆယ်တော့ အတူသွားခဲ့သူ ၄ ဦးရဲ့အမည်စာရင်းကို ရယူသွားပါတယ် ။

အသုဘကိုသွားအတူတူသွားတဲ့ Hijet ကားသမားကိုလည်းလိုက်လံစုံစမ်းနေပါတယ်..အမဖြစ်သူကတော့ ၁၂ ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ် ၊ မြောက်ဦးကိုအတူတူသွားခဲ့ကြတာဖြစ်ပါတယ် ။အဲ့ဒီနောက် ၎င်းတို့ပြန်လာပြီး ၁၂ ရက်တာကာလအတွင်းထိတွေ့ခဲ့သူစာရင်းများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးများက စိစစ်ကောက်ယူနေတယ်လို့ကြားသိရပါတယ် ။NHL ပို့ပြီးစစ်ဆေးအဖြေ Positive မဖြစ်ပါစေနဲ့လို့ ဘဲဆုတောင်းပေးပါတယ် ဗျာ ။ မတော်တဆ Positive သာဖြစ်ခဲ့ရင်တော့ မတွေးရဲစရာပါ..မိမိ ဘယ်ကနေ ဘယ်နေ့ ဘယ်ရက်မှာပြန်လာပြီး မည်သူတွေနဲ့ထိတွေ့ခဲ့တယ်ဆိုတာကိုတော့ ပွင့်ပွင့် လင်းလင်းပြောပြဘို့လိုပါတယ် ၊ တာဝန်ရှိသူတွေလည်း ပွင့်ပွင့်လင်းလင်းပြောပြဘို့လိုပါတယ် ၊ လိမ်ညာဘို့မသင့်ပါဘူး ၊ ခင်ပွန်းဖြစ်သူရဲဝန်ထမ်းကိုတော့ Q မဝင်ခိုင်းသေးဘူးလို့သိရပါတယ်…Q ဝင်ရတာရှက်စရာမဟုတ်ပါဘူး

Leave a Reply

Your email address will not be published. Required fields are marked *