ဒုတိယမြောက်ရင်သွေးလေးက သမီးလေးပါဆိုတဲ့ နန်းမြတ်ဖြိုးသင်း

Posted on

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ သဲသဲလှုက်အားပေးခြင်းကိုခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။နန်းမြတ်ကတော့ နှစ်တွေအကြာကြီး လက်တွဲခဲ့တဲ့ချစ်သူနဲ့ လက်ထက်ခဲ့ကာ ချစ်စရာကောင်းလေး သားလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူပါ။

မကြာသေးမီကမှ နန်းမြတ်ဖြိုးသင်းကတော့ ဒုတိယမြောက်ရင်သွေးလေး ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တေါအသိပေးခဲ့ပါသေးတယ်။ ယနေ့မှာတော့ သူဟာ ဒုတိယမြောက်ရင်သွေးလေးက သမီးလေးဖြစ်ကြောင်းကို “ပျော်ရွှင်စရာညလေးတစ်ညအတွက်ကျေးဇူးအများကြီးတင်ပါတယ် My Let’s Go Family သမီးလေးရစေချင်လို့အားလုံးကပန်းရောင်လေးဝတ်လာကြတယ်။ အဖြေသိတဲ့တစ်ဦးတည်းသောNtzeeကတော့အမဲပဲဝတ်လာတာ ရင်တုန်တုန်နဲ့ပဲအဖြေသိတော့မှသမီးလေးဆိုလို့အားလုံးလဲကိုယ်နဲ့ထပ်တူပျော်ကြရတဲ့ဒုတိယအကြိမ် ဂျက်ဂျက်လေးတုန်းကလဲမျှော်လင့်တာနဲ့ထပ်တူမို့ပျော်ရတယ်။ခုလဲသမီးလေးထပ်ရလို့ပျော်ရတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ သရုပ်ဆောင်တင်သာမက အဆိုပိုင်းမှာပါ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းရဲ့ ဒုတိယမြောက်ရင်သွေးလေးကတော့ သမီးလေးပါတဲ့နော်။ နန်းမြတ်ဖြိုးသင်းတို့မိသားစုလေးကတော့ သားလေးတစ်ယောက်သမီးလေးတစ်ယောက်နဲက သာယာပျော်ရွှင်တဲ့မိသားစုလေးပါပဲနော်

Leave a Reply

Your email address will not be published. Required fields are marked *