ဓာတ်ခွဲ နမူနာများအား ရန်ကုန်သို့  ပို့ ဆောင်သည့် WHO ပိုင် UN တံဆိပ်ပါကားကို မင်းပြားနယ်တွင် ULA/AA အကြမ်းဖက်အဖွဲ့က ပစ်ခတ်

Posted on

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကိုဗစ် – ၁၉ ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊အာခေါင် တို့ဖတ်နမူနာများအား ရန်ကုန်မြို့သို့ပို့ဆောင်ရန် ထွက် ခွာလာသည့် WHO ပိုင် UN တံဆိပ်ပါ မော်တော် ယာဉ်အား ယနေ့တွင် မင်းပြားမြို့နယ်၌ ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့်အရပ်သားဝန်ထမ်းနှစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

စစ်တွေမြို့တွင် လေကြောင်းခရီးစဉ်များ ရပ်နားထားသဖြင့် ကိုဗစ် – ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် စစ်တွေမြို့မှ နံနက် ၈ နာရီတွင် ထွက်ခွာလာသည့် WHO ခန့် ဝန်ထမ်း အရပ်သားယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် မောင်းနှင်ပြီး အရပ်သားဝန်ထမ်း ကျန်းမာရေးကြီးကြပ်- ၂ ဦးအောင်မျိုးဦး လိုက်ပါလာသည့် WHO မှ ဒေသဆိုင်ရာ ပိုလီယိုအရာရှိ၏ WHO ပိုင် UN (5 / 34)မော်တော်ယာဉ်အား မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ညနေ ၅ နာရီခန့်တွင် ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း။

ထို့သို့ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်၏ ဘယ်ဘက်တင်ပါး ဖောက်ဝင် ဒဏ်ရာတစ် ချက်နှင့်ယာဘက်တတောင်ဆစ် စုတ်ပြတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ကျန်းမာရေးကြီးကြပ်-၂ ဦးအောင်မျိုး ဦး၏ ယာဘက်လက်ဝါးစုတ်ပြတ်ဒဏ်ရာ တစ်ချက် (လက်မ ပြတ်ခါနီး)ဒဏ်ရာများရရှိခဲ့သဖြင့် မင်းရွာကျေးလက်ကျန်းမာရေးဌာနမှတစ်ဆင့် မင်းပြားပြည့် သူ့ဆေးရုံသို့ပို့ဆောင်ကုသပေးလျက်ရှိကြောင်း၊ WHO ပိုင်မော်တော်ယာဉ်မှာ ပစ်ခတ်ခံရသည့်နေရာ မြောင်းထဲကျကျန်ခဲ့သဖြင့် ဧပြီ ၂၁ ရက်တွင် သွားရောက်ယူဆောင်မည်ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးက Coronavirus Disease 2019 (COVID – 19)ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အလေးထားတိုက်ဖျက်ဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အဖွဲ့က ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ပို့ဆောင်ရန် သွားရောက်သည့် United Nation (UN) တံဆိပ်ပါ WHO မော်တော်ယာဉ်အား ယခုကဲ့သို့ပစ်ခတ်တိုက် ခိုက်ခြင်းမှာ လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း ဝေဖန်ထောက်ပြပြောဆိုနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *