နယူးကာဆယ်အသင်းကို ဝယ်ယူတော့မယ့် လက်ဝှေ့သမား မေဝဲသာ

Posted on

ကမ္ဘာကျော်လက်ဝှေ့သမားမေဝဲသာဟာ ပရီးမီယားလိဂ်ကလပ်နယူးကာဆယ်အသင်းကို ဝယ်ယူ ဖို့စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ၂၀၁၇ ခုနှစ်သြဂုတ်လက UFC စတား မက်ဂရီဂေါ်ကို အနိုင်ရပြီး ချိန်နောက်ပိုင်းကတည်းက လက်ဝှေ့ထိုးသတ်မှုမရှိတော့တဲ့ မေဝဲသာ ဟာ မက်ဂရီဂေါ် နဲ့ ထပ်မံထိုးသတ်ဖို့ စိတ်ဝင်စားနေပါတယ်။

အမေရိကန်နိုင်ငံသားလက်ဝှေ့သမားမေဝဲသာဟာ ပွဲပေါင်း ၅၀ အနိုင်ရထားပြီး ရှံးပွဲမရှိသေး ပါဘူး၊ မေဝဲသာဟာ သူရဲ့လက်ဝှေ့သမားဘဝအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ စုဆောင်းရရှိထားပြီး နယူးကာဆယ်အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းပရိသတ်တွေကလည်း ၂၀၀၈ခုနှစ်နောက်ပိုင်းကတည်းက အသင်းပိုင်ရှင် သစ်အတွက် စိတ်ဝင်စားနေကြောင်း ၊ သိရပါတယ်။

လက်ရှိအသင်းပိုင်ရှင်ဖြစ်တဲ့ မိုက်အက်ရှ်လေဟာ နယူးကာဆယ်အသင်းကိုဝယ်ယူပြီးနောက် အသင်းအားကစားကွင်းအမည်ကို ပြောင်းလဲခဲ့သလို မထင်ရှားတဲ့နည်းပြတွေ ခန်အပ်ခဲ့ရာ သူရဲ့လက်ထက်မှာ နယူးကာဆယ်အသင်းမှာ နှစ်ကြိမ်တန်းဆင်းခဲ့ရပါတယ်။ မေဝဲသာက “ နယူးကာဆယ် အသင်း ဟာအံသားသင့်ဖွယ်ကောင်းတဲ့ ဘောလုံးအသင်းပါ ၊ အဲဒီအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားပါတယ်။ “ လို့ဆိုပါတယ်။

မေဝဲသာအနေနဲ့အသင်းတစ်သင်းလုံးကို ဝယ်ယူခြင်းထက်အသင်းရှိ ရှယ်ယာတွေကို ဝယ်ယူဖို့ ပိုမိုဖြစ်နိုင်ခြေများတယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ နယူးကာဆယ်အသင်းဟာ ပရီးမီယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာရပ်တည်နေပြီး အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် အမန်ဒါ စတီဗီလေး လုပ်ငန်းစု ဟာ ၂၀၁၈ ခုနှစ်က နယူးကာဆယ်အသင်းကို ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *