နိုင်ငံကျော်အဆိုတော်ကြီး ကိုင်ဇာရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ကို Cover သီဆိုလိုက်တဲ့ ဘလိတ်ခ်

Posted on

MRTV Entertainment က ရေဒီယိုရုပ်သံဇာတ်လမ်းတွဲ တွေနဲ့လည်း ကျရာဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်မှုကြောင့် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ ဘလိတ်ခ်ဟာ နိုင်ငံကျော်အဆိုတော်ကြီး ကိုင်ဇာရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “မနိုးပါစေနဲ့မိုးရယ်” သီချင်ကိုတော့ Cover ပြန်လည်သီဆိုထားတာလည်းဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မင်းသားချော ဘလိတ်ခ် ကတော့ “ဦးကိုင်ဇာရဲ့မနိုးပါစေနဲ့မိုးရယ်ဆိုတဲ့သီချင်းလေးကို အရမ်းကြိုက်လို့ cover song ပြန်ဆိုထားတာပါ this cover song is hommade, all from an ipad. so please understand if its not perfect.” ဆိုကာ Cover ပြန်လည်သီဆိုထားတဲ့ ဗီဒီယိုဖိုင်ကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတင်ထားပါတယ်။ ဒီသီချင်းကတော့ အဆိုတော်ကြီး ကိုင်ဇာရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေရဲ့ အောင်မှုအခိုင်အမာကို ယနေ့တိုင်ရရှိထားတဲ့သီချင်းပဲဖြစ်ပါတယ်။ “မနိုးပါစေနဲ့မိုးရယ်” သီချင်းကတော့ အဆိုတော်ကြီးကိုင်ဇာသီဆိုခဲ့စဉ်က နားထောင်သူပရိသတ်တိုင်း ချစ်ရသူကိုဆုံးရှုံးခဲ့ရသလို ခံစားပြီး မျက်ရည်လည်ခဲ့ရတာပါ။ ရုပ်ရှင်သရုပ်ဆောင်ဘလိတ်ခ်တစ်ယောက်ကတော့ “မနိုးပါစေနဲ့မိုးရယ်” သီချင်းကိုတော့ ခေတ်နဲ့အညီ Pop သီချင်းပုံစံနဲ့ ပေါ့ပေါ့ပါးပါးလေးသီဆိုထားကြောင့် ပရိသတ်အချို့ကတော့ ခံစားမှုအသစ်ရရှိတာကြောင့် ကြိုက်နှစ်သက်ကြပြီး တစ်ချို့ပရိသတ်တွေကတော့ မူရင်းသီချင်းအရသာ ပေါ့သွားတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။

 

ပရိသတ်ကြီးရေ တစ်ချိန်က နားထောင်သူပရိသတ်တိုင်း ချစ်ရသူကိုဆုံးရှုံးခဲ့ရသလို ခံစားပြီး မျက်ရည်လည်ခဲ့ရတဲ့ အဆိုတော်ကြီးကိုင်ဇာရဲ့ “မနိုးပါစေနဲ့မိုးရယ်”ကို ရုပ်ရှင်သရုပ်ဆောင်ဘလိတ်ခ်ရဲ့ Cover ပြန်လည်သီဆိုထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *