နိုင်ငံခြားသူလေးနဲ့ လက်ထပ်ထားတဲ့ ကရင်ကောင်လေးတို့ လင်မယား ကလေးမွေးပြီ

Posted on

ယနေ့ ကမ္ဘာကြီးဟာ ဆက်သွယ်မှုလွယ်ကူလာတာကြောင့် ကမ္ဘာ့နေရာ အနှံ့အပြားမှာ နေထိုင်သူတွေဟာ တစ်ဦးနဲ့ တစ်ဦးအလွယ်တကူဆက်သွယ်လာနိုင်ကြပါပြီ…..ဒါကြောင့် မြန်မာနဲ့ ကမ္ဘာဟာ ခွဲခြားမရတော့ဘဲ မြန်မာပြည်ကလူကလည်း နိုင်ငံခြားကလူနဲ့ မေတ္တာမျှလက်ထပ်လာကြသလို…နိုင်ငံခြားကလူကလည်း မြန်မာကလူတွေနဲ့ မေတ္တာမျှ ဘဝတစ်ခု ထူထောင်လာကြပါတယ်တစ်နေရာစီ ဝေးနေပါစေ ဖူးစာပါရင် ရနိုင်သလို ကမ္ဘာကြီးရဲ့ ဆက်သွယ်မှုလွယ်ကူလာခြင်း ဖွံ့ဖြိုးတိုးတက်လာခြင်းကလည်း အထောက်အပံ့တစ်ခု သဖွယ် ဖြစ်နေတာပါ


ဒီလို ချစ်ခြင်းမေတ္တာမျိုးနဲ့ အိမ်ထောင်ကျခဲ့သူတွေ ထဲမှာ မြန်မာပြည်က ကရင်လူမျိုးကောင်လေးတစ်ဦးနဲ့ နိုင်ငံခြားသူကောင်မလေးတို့လည်း ပါခဲ့ပါတယ်…သူတို့ နှစ်ဦးဟာ လူမျိုးမတူနေထိုင်ရာမတူကြပေမဲ့ ဖူးစာကြောင့် ဆုံတွေ့ခဲ့ကြလို့ တစ်ဦးပေါ်တစ်ဦးချစ်ခင်နှစ်သက်ခဲ့ကြပြီး အိမ်ထောင်ပြုခဲ့ကြတာပါလက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးဟာ လူမျိုးမတူပေမဲ့ ပျော်စရာကောင်းတဲ့ ချစ်ခရီးလမ်းကို လျှောက်လှမ်းခဲ့ကြရာမှာ အလွန်ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ဦးပါ မွေးဖွားလာခဲ့ပြီ ဖြစ်ပါတယ်


သူတို့ မိသားစုလေးရဲ့ ဓာတ်ပုံလေးတွေဟာလည်း လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့နေတာဖြစ်ပြီး လိုက်ဖက်ညီပြီး ပျော်စရာကောင်းတဲ့ သူတို့ စုံတွဲကို ပရိသတ်တွေကလည်း သဘောကျနှစ်သက်နေကြတာဖြစ်ပါတယ်အဲတာကြောင့် သူတို့နှစ်ဦးနဲ့အတူ သူတို့ရဲ့ကလေးလေးဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်…အလွန်ကြည်နူးစရာမြင်ကွင်းလေးမို့ ပရိသတ်ကြီးတို့လည်း ချစ်ခင်နှစ်သက်ကြမယ်ထင်ပါတယ်…ပုံလေးတွေကို ကြည့်ကြည့်ပြီး မှတ်ချက်လေးတွေပြောခဲ့လို့ရပါတယ်နော်..

Leave a Reply

Your email address will not be published. Required fields are marked *