နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတဲ့ သက်ထားသူဇာ

Posted on

မြန်မာမှာ သာမက ကမ္ဘာမှာပါ မြန်မာတွေ အတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့ မြန်မာ့ ကြက်တောင်မယ်လေး သက်ထားသူဇာကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ ကြက်တောင်မယ်လေး သက်ထားသူဇာ ကတော့ တကယ့်ကို အရည်အချင်းရှိပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်း နိုင်တဲ့ အရည်အချင်း ရှိတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။


သက်ထားသူဇာကတော့ ကြက်တောင် ပြိုင်ပွဲ တော်တော်များများမှာ ဆုတံဆိပ်တွေ ရရှိထားပြီး သူ့ကို အားပေးတဲ့ ပရိသတ်ကြီးအတွက်လည်း အမြဲတမ်း စိတ်မပျက်အောင် ပြုလုပ်ပေးနေကြ ကြက်တောင်မယ်လေးလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကလည်း အာဖရိကတိုက် အရှေ့ပိုင်းမှာတည်ရှိတဲ့ ယူဂန်းဒါးနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပပြုလုပ်တဲ့ Uganda International 2020 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကြီးကို အရယူနိုင်ခဲ့ပါတယ်။


လတ်တလောမှာလည်း သက်ထားသူဇာက ကင်ညာနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ Kenya International Future Series 2020 ကိုဝင်ရောက်ယှဉ်ပြိုင်နေပြီး ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်မှာ ပါကစ္စတန်ကစားသမားကို အနိုင်ရရှိခဲ့ပါတယ်။


သက်ထားလေးကတော့ (၂၀၂၀)ခုနှစ်စကတည်းက နိုင်ပွဲတွေကို ဆက်တိုက်ရရှိအောင်ကြိုးစားနေပြီး အိုလံပစ်ပြိုင်ပွဲကြီးကိုပါ ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် နိုင်ငံဂုဏ်ဆောင် ကြက်တောင် အားကစားမယ်လေး သက်ထားသူဇာအတွက်နိုင်ပွဲတွေထပ်မံရရှိအောင် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ပါဦး ပရိသတ်ကြီးရေ

Leave a Reply

Your email address will not be published. Required fields are marked *