နှစ်သစ်ချိန်ခါလေးကို အိမ်မှာ ကိုးကွယ်တဲ့ ဘုးရားဆင်းတုများကို မိသားစုနဲ့အတူ ရောင်တော်ဖွင့်ရင်း ကုသိုလ်ယူဖြတ်သန်းခဲ့တဲ့ မိုးယုစံ

Posted on

အသံချိုချိုလေးနဲ့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော မိုးယုစံကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ Miss တစ်ယောက်အနေနဲ့ စတင်ကာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်..။ ပြည်သူတွေ ချစ်တဲ့ နှင်းဆီ အငြိမ့်ရဲ့ မင်သမီးလည်းဖြစ်ပါသေးတယ်။

မိုးယုကတော့ ချစ်ရတဲ့ ခင်ပွန်းနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ သားလေးကို ပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာပါ..။ ကြော်ငြာလေးတွေတော့ လက်ခံရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေတော့ လက်ခံရိုက်ကူးခြင်း မရှိသေးဘဲ ပျော်ရွှင်အေးချမ်းစွာ မိသားစုလေးနဲ့အတူ ဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒီနေ့ ဧပြီလ (၁၇)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာနှစ်သစ်ရက်မြတ်လေးမှာတော့ မိုးယုက သူမရဲ့ခင်ပွန်း၊ သားလေးနဲ့အတူ အိမ်မှာကိုးကွယ်တဲ့ ဘုရားတွေကို ရောင်တော်ဖွင့်ခြင်း လုပ်ဆောင်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ “နှစ်သစ်အချိန်မှစ၍ (၇)ရက်သားသမီးအားလုံး ကပ်ရောဂါဘေးမှကင်းဝေးပီး ကျန်းမာချမ်းသာပြီး ကံကောင်းမှုတွေရရှိကြပါစေ..” ဆိုပြီး ပရိသတ်တွေအတွက် သူမရဲ့ဆုမွန်ကောင်းတောင်းစာလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ။

မိုးယုလေးကတော့ မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ နှစ်သစ်ချိန်ခါလေးကို မင်္ဂလာရှိရှိ ဖြတ်သန်းခဲ့တာပါပဲနော် ပရိသတ်ကြီး။ ပရိသတ်ကြီးလည်း မိုးယုစံလေး ဆုမွန်ကောင်တောာင်းသလို ပျော်ရွှင်အေျးမ်းစွာနဲ့ ကျန်းမာချမ်းသားပြီး ကံကောင်းမှုတွေကို ရရှိကြပါစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *