ပခုက္ကူ တန်ခိုးကြီး သီဟိုဠ်ရှင်ဘုရားကြီးတွင်ရေဆိုးနုတ်မြောင်း တူးရာမှ ထူးဆန်းစွာမြေအောက်လိုဏ်ခေါင်းတွေ့ရှိ

Posted on

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားကြီး၏ မုဒ်တောင်ဘက်အနီး လမ်းဘေးရေမြောင်းတူးဖော်ရာမှ မြေအောက်လိုဏ်ခေါင်း တွေ့ရှိ၍ လာရောက်ကြည့်ရှု့သူများ များပြား။

“တွေ့တာခုမနက် ၈နာရီကျော်ကျော်လောက်စည်ပင်ကရေမြောင်းတူးဖို့မြေတူးရာကနေ ခုလိုလိုဏ်ပေါက်တွေ့တာပါ၊ အထဲကိုလှမ်းကြည့်တာတော့ အလင်းပေါက်လေးတွေ့ရသလိုလှေကားထစ်တွေလဲရှိနေတယ်”ဟု၎င်းကဆိုသည်။

ယင်းတွေ့ရှိမှုအပေါ် ဆက်လက်သိရှိနိုင်ရန် မြို့ပေါ်ဆရာတော်ကြီးများနှင့်ရှေးဟောင်းသုတေသန ဌာန၊ မီးသတ်တာဝန်ရှိသူများကို ဖိတ်ကြား ခေါ်ယူထားပြီး ဆက်လက်စစ်ဆေးလေ့ လာဖော်ထုတ်သွား မည်ဖြစ် ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *